Apple အနေနဲ့ စမတ်ဖုန်းအသစ်တွေကို စက်တင်ဘာလအတွင်းမှာ
မိတ်ဆက်လေ့ရှိပေမယ့် အခု ထပ်မံထွက်ရှိမယ့် iPhone 8 ကတော့ အောက်တိုဘာလကနေ
နိုဝင်ဘာလအထိ ကြန့်ကြာသွားနိုင်တယ် လို့သိရပါတယ်။
ဒီသတင်းဟာ DigiTimes ရဲ့ သတင်းထုတ်ပြန်ချက်တစ်ခုဖြစ်ပြီး အခုလိုနှောင့်နှေးကြန့်ကြာရတဲ့ အကြောင်းအရင်းကတော့ curved OLED panel တွေကို အပြားလွှာပြုလုပ်ခြင်းဖြစ်စဉ်နဲ့ 3D sensing system အတည်ပြုခြင်း ဖြစ်စဉ်တွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Apple ဘက်က အတိပြုပြောကြားထားခြင်းမရှိတဲ့အတွက် ဒီသတင်းဟာ media ရဲ့ ခန့်မှန်းချက် သက်သက်သာ ဖြစ်ပြီး ဒီသတင်းသာ အမှန်ဆိုရင်တော့ Samsung S8 နဲ့ ယှဉ်ဖို့စောင့်နေကြတဲ့ Apple ပရိသတ်တွေဟာ စိတ်ရှည်လက်ရှည်နဲ့ ထပ်မံစောင့်ဆိုင်းရဦးမှာပဲဖြစ်ပါတယ်။