Video တွေကို တည်းဖြတ် ဖန်တီးရတာ ဝါသနာပါသူတွေအတွက် Clips လို့ အမည်ရတဲ့
app အသစ်တစ်ခုကို Apple က မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး App Store ပေါ်ကနေ
ရယူနိုင်ပြီဖြစ်ပါတယ်။
Video တွေကို အကောင်းဆုံး ရိုက်ယူပြီး တည်းဖြတ်နိုင်မှာဖြစ်သလို ရိုက်ကူးထားပြီးသား video တွေကို လည်း စာသား ၊ filter ၊ sticker စတာတွေထည့်ပြီး စိတ်ကြိုက် အကောင်းဆုံးဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဗီဒီယို ရိုက်ကူးနေရင်းနဲ့ သင်ပြောသမျှစကားလုံးတွေအတိုင်း တိုက်ရိုက် အချိန်ကိုက် စာတန်းထိုးပေးမယ့် feature အသစ်တစ်ခုလည်းပါဝင်လာပါတယ်။ English အသံထွက် မှန်ကန်ပီသ ဖို့တော့ လိုတာပေါ့ ။
ဖန်တီးပြီးတဲ့ Video တွေကိုလည်း Instagram, Facebook နဲ့ Youtube စတာတွေပေါ်ကို တိုက်ရိုက် မျှဝေနိုင် မှာဖြစ်ပါတယ်။
စိတ်ဝင်စားနေပြီဆိုရင်တော့ အခု ပဲ App Store ပေါ်ကနေ Download ရယူလိုက်ပါတော့။