WauchulaGhost အမည်ရ ဟက်ကာက ISIS အကြမ်းဖက်သမားများရဲ့ Twitter
အကောင့်များကို ဟက်ခဲ့ပါတယ်။ အကောင့်ပေါင်း ၂၅၀ ကျော်ကို
ဟက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီနောက်မှာ သူက အကြမ်းဖက် သမားများရဲ့
အကောင့်များကနေ သူတို့အား နောက်ပြောင်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။
ISIS များရဲ့ ဖုန်းနံပါတ်များ၊ IP လိပ်စာများကိုလည်း ဟက်ကာများက
ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟက်ကာများက ISIS အကောင့်များကနေ Porn
များ တင်ဖို့ စိတ်ကူးရခဲ့ကြပါတယ်။
ဒီလို Porn များ တင်ခြင်းအားဖြင့် အကြမ်းဖက် သမားများရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ အခြား မွတ်စလင်များကိုတော့ မရည်ရွယ်ဘူးလို့ ဟက်ကာ အဖွဲ့က ပြောပါတယ်။ ယခင်နှစ် Pulse ညကလပ်မှာ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် WauchulaGhost နဲ့ Ebony , Yeti တို့ဟာ ISIS အကြမ်းဖက် သမားများကို ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က ISIS များရဲ့ လူမှုကွန်ရက် အကောင့်များကို ဟက်ရတာ အလွန်လွယ်ကူကြောင်း မကြာခင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဟက်ကာက အကြမ်းဖက် သမားများဟာ သူတို့အကောင့်များကို လုံခြုံအောင် ကာကွယ်နိုင်တဲ့ အသိပညာ မရှိဘူးလို့ ပြောပါတယ်။ ၆၀ စက္ကန့်အတွင်းမှာ သူတို့ အကောင့်တစ်ခုကို ခိုးနိုင်တယ်လို့ သူက ပြောပါတယ်။ သူဟာ အမေရိကန် သမ္မတ Donald Trump နဲ့ သူ့ရဲ့ ၀န်ကြီးများရဲ့ Twitter အကောင့်များမှာ လုံခြုံရေး ဟာကွက်များ ရှိနေတယ်လို့ ထောက်ပြခဲ့သူလည်း ဖြစ်ပါတယ်။