4/09/2017

♪ ခေါက်ချိုးဖုန်း ဟာ ဆမ်ဆောင်း ရဲ့ အိပ်မက်အသစ်တစ်ခု ဖြစ်လာ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/samsung-foldable-phone.jpg?fit=800%2C450&ssl=1

သိပ်မကြာခင် က Galaxy S8 ကို လွှင့်ထုတ်ခဲ့ပြီးနောက်မှာ မနှစ် က IFA ဘာလင်ပွဲမှာ ရိုးတိုးရိပ်တိတ် ထုတ်ဖော်ပြောကြားခဲ့တဲ့ ခေါက်ချိုးဖုန်းတွေ ကို ထုတ်လုပ်ဖို့ ဟာ ကမ္ဘာကျော် ကုမ္ပဏီ ဆမ်ဆောင်း ရဲ့ နောက်ထပ် အိပ်မက်အသစ်တစ်ခု ဖြစ်လာတယ် လို့ ဆိုပါတယ်။

ခေါက်ချိုးဖုန်းကို အခုလက်ရှိအချိန်အထိ Galaxy X လို့ အမည်ပေးထားပြီး ပိုက်ဆံအိတ်သဏ္ဍန် ဖုန်း အမျိုးအစား တွေ ဖြစ်လာမယ် ဆိုတာကလွဲပြီး ပါဝင်မည့် ပစ္စည်းတွေ ဟာ ခန့်မှန်းစာရင်းတောင် ထွက်ပေါ်မလာသေးပဲ ရှိနေပါတယ်။ Samsung Display ရဲ့ အင်ဂျင်နီယာဖြစ်သူ Kim Tae-woong က ကာလရှည်ကြာ စမ်းသပ်လေ့လာနေခဲ့တဲ့ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေ ပေါင်းထည့်သွားမယ် လို့ ဆိုခဲ့ပေမယ့် ၂၀၁၉ ခုနှစ်ဝန်းကျင်မှသာ ထွက်ပေါ်လာဖွယ်ရာ ရှိနေတယ် လို့ ဆိုပါတယ်။

သတ္တုကိုယ်ထည် သို့ ပလပ်စတစ်ကိုယ်ထည် တစ်ခု ကို ခေါက်ရိုးကျိုးတဲ့အထိ ချိုးပစ်လိုက်ဖို့ ဆိုတာ ဟာ ရူပဗေဒသဘောတရား အရ ပဲ ကြည့်ကြည့်၊ တခြား နည်းပညာတွေအရ ပဲ ကြည့်ကြည့် အလွန့်ကို ခက်ခဲပြီး စိန်ခေါ်မှု တစ်ခု ဖြစ်တယ် လို့ ကင်မ်တေးဝူ က ဆက်လက် ပြောဆိုခဲ့ပါတယ်။

ထူးခြားပြီး အလွယ်တကူ တွန့်ခေါက်နိုင်တဲ့ သတ္တုလိုမျိုးကို သုံးစွဲမယ် ဆိုရင်တော့ အလွယ်တကူ နဲ့ မြန်မြန်ဆန်ဆန် ထုတ်လုပ်လာနိုင်မှာ ဖြစ်ပေမယ့် တစ်ချိန်မှာ ကုန်ကြမ်းပစ္စည်း ပြတ်လပ်သွားနိုင်မယ့် အရေးကို ပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် ဒီလောက် အချိန်အတိုင်းအတာ ကို ရယူထားတာ မလွန်ဘူး လို့လည်း အင်ဂျင်နီယာ အကြီးအကဲ ကင်မ်တေးဝူ က ပြောဆိုထားပါတယ်။

 ခေါက်ချိုးဖုန်းတွေ မှာ ကြုံတွေ့ရမယ့် အခက်အခဲ တစ်ခု ဟာ ခေါက်ချိုးရမယ့် နေရာနဲ့ သတ္တုအခက်အခဲတင် မဟုတ်ဘဲ နေရာအများအပြား ကို ပါ ချိုးနိုင်၊ ခေါက်နိုင်စေဖို့ ဖန်တီးပေးရမယ့် Multi-Foldable စိန်ခေါ်မှု ကိုပါ ကြုံတွေ့ရမယ် လို့ ဆိုပါတယ်။

အဲဒီအပြင် မှာ ရှားပါး Rare Material ကို သုံးစွဲမယ်ဆိုရင် ရင်းနှီးမြုပ်နှံမှု ကြီးမြင့်တဲ့အတွက် ထုတ်ကုန်စေျးနှုန်းကလည်း ကြီးမြင့်လာပါက သုံးစွဲသူတွေ ရဲ့ စိတ်ပျက်မှုတွေကို ကြိုတင်ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ် လို့ သိရပါတယ်။




Credit to ==>> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com