4/09/2017

♪ ကိုယ်ရဲ့ Android ဖုန်းကို ပိုမိုမြန်ဆန်အောင် ဘယ်လိုလုပ်မလဲ ♫


ကိုယ်ရဲ့ Android ဖုန်းမှာ Animations ကို Disable လုပ်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို ပို မိုမြန်ဆန်အောင် ပြုလုပ်နိုင်ပါ တယ်။ Android ရဲ့ Dafault animations စနစ်က ဖုန်းကို လေးလံစေပါတယ်။ အဲဒီစနစ်ကို  ပိတ်ပေးထားမယ်ဆိုရင်တော့ ဖုန်းသုံးရတာ ပိုမိုမြန်ဆန်လာစေ မှာဖြစ်ပါတယ်။

အရင်ဦးဆုံး ဖုန်းထဲက Settings icon ကို နှိပ်ပြီး Settings ထဲကို ဝင်လိုက်ပါ။



ပြီးရင်တော့ Settings ထဲက Developer options ထဲကို ၀င်ရ မှာဖြစ်ပါတယ်။ ကိုယ့်ဖုန်းမှာ Developer Options ကို ဖွင့်ထားပြီးရင်တော့ အောက်က အဆင့် ၃ နဲ့ အဆင့် ၄ တွေကို ကျော်ပြီး အဆင့် ၅ ကနေ စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါ တယ်။ Developer Options ကို ဖွင့်ပေးဖို့အတွက် ဖုန်းထဲ Settings ထဲကနေ အောက်ဆုံးနားကို ပွတ် ဆွဲပြီး About Phone ကိုရှာပြီး နှိပ်ပါ။




About Phone ကိုနှိပ်လိုက် ရင်တော့ ဖုန်းရဲ့ System info စနစ်ပေါ်လာမှာဖြစ်ပြီး အဲဒီထဲက မှ Build number ဆိုတဲ့စာသားအ ကွက်ကို သုံးကြိမ် တိတိ ဆက်တိုက်နှိပ်လိုက်ပါ။ (Build number ကို မတွေ့ရင်တော့ Software Version ဆိုတဲ့စာသား ကိုရှာပြီး နှိပ်ပါ။




အဲလိုနှိပ်လိုက်ရင်တော့ မြင် ကွင်းမှာ You are now a developer! ဆိုတဲ့ စာသားပေါ် လာမှာဖြစ်ပါတယ်။ အဲလိုပေါ်လာ ရင်တော့ Developer Options ကို ဖွင့်လိုက်ပြီပဲဖြစ်ပါတယ်။

ပြီးရင်တော့ About phone ကနေ ပြန်ထွက်ဖို့အတွက် Back ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းရဲ့ System စနစ်ထဲမှာ Developer options ဆိုတာ ပေါ် လာမှာဖြစ်ပြီး အဲဒီ Developer options စာသားကို တစ်ချက်နှိပ် လိုက်ပါ။




Developer Options ထဲကို ရောက်ရင်တော့ Developer Options ဆိုတဲ့စာသားဘေးနား က ခလုတ်လေးက ပွင့်နေတဲ့ပုံစံ ဖြစ်နေမှာဖြစ်ပါတယ်။




ပြီးရင်တော့ Window animation scale ၊ Transition animation scale ၊ Animator duration scale ဆိုတဲ့ စာသား တွေကိုရှာပါ။




ပြီးရင်တော့ တစ်ခုချင်းစီကို နှိပ်ဝင်ပြီး Animation off ဆိုတဲ့ စာသားကိုရွေးချယ်ပေးလိုက်ပါ။




ဒါဆိုရင်တော့ ဖုန်းရဲ့ default ပါဝင်တဲ့ Animation စနစ်ကို ပိတ်လိုက်ပြီဖြစ်တဲ့ အတွက် ဖုန်း အသုံးပြုရတာ အရင်ကထက် ပိုမို မြန်ဆန်မှုရှိလာမှာပဲဖြစ်ပါတယ်။



Credit to ==> Internet Journal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com