4/08/2017

♪ Ubuntu OS တွင် Open Toonz ကို ထည့်သွင်းခြင်း ♫


Ubuntu OS 16.04 နဲ့ 16.10 မှာ အသုံးပြုနိုင်မယ့် Video editing software တစ်ခုဖြစ်တဲ့ OpenToonz ဟာ 2D animation တွေကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ OpenToonz ဟာ ဗီဒီယိုတွေကို ပြင်ဆင် နိုင်ဖို့အတွက် tool တွေများစွာကို ထည့်သွင်းပေးထားပါတယ်။

OpenToonz ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

OpenToonz  ကို Ubuntu OS 16.04 မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –
sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu xenial-getdeb apps” >> /etc/apt/sources.list.d/getdeb.list’
wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –
sudo apt-get update
sudo apt-get install opentoonz
ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပြီး 16.10 မှာဆိုရင် –
sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu yakkety-getdeb apps” >> /etc/apt/sources.list.d/getdeb.list’
wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –
sudo apt-get update
sudo apt-get install opentoonz
ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ တကယ်လို့ အသုံးမလိုလို့ ပြန်ဖျက်ချင်တယ်ဆိုရင်
sudo apt-get remove opentoonz
sudo apt-get autoremove
ဆိုတဲ့ command နဲ့ remove ပြုလုပ်နိုင်ပါတယ်။



Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com