4/10/2017

♪ Xiaomi က Mi Pad 3 ကို မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Untitled-1.jpg?fit=800%2C450&ssl=1

ရှောင်မီက Mi Pad 3 ကို မိတ်ဆက်လိုက်ပါတယ်။ Mi Pad 3 ဟာ ၂၀၁၅ ခုနှစ်ထုတ် မော်ဒယ်နဲ့ ဆင်တူပြီး သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ Mi Pad 3 မှာ ၇.၉ လက်မ 1536×2048 Pixels LCD Display တပ်ဆင်ထားပါတယ်။ Mediatek MT8176 Chipset မောင်းနှင်မှာ ဖြစ်ပြီး Chipset မှာ 2.1GHz Cortex-A72 Core ၂ လုံးနဲ့ 1.7GHz Cortex-A53 Core ၄ လုံး တပ်ဆင်ထားပါတယ်။

Xiaomi Mi Pad 3 မှာ 4GB RAM ထည့်သွင်းထားပြီး Android ကို MIUI8 နဲ့ ပေါင်းစပ်ထားပါတယ်။ အရွယ်ကြီးမားတဲ့ 6600mAh Battery တပ်ဆင်ထားပြီး ရုပ်ရှင်များ ကြည့်ရင် ၁၂ နာရီ အသုံးခံပါတယ်။ အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပြီး အရည်အသွေး ကောင်းမွန်ပါတယ်။

Xiaomi Mi Pad 3 မှာ 64GB Internal Storage ထည့်သွင်းထားပေမယ့် microSD Card ကို အသုံးပြုလို့ မရပါဘူး။ တရုတ်ယွမ် ၁၄၉၉ ( ဒေါ်လာ ၂၂၀ ) သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ ၂၅၀ ၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ရှောင်မီက ရောင်းချမယ့် နေ့ရက်ကို ကြေညာခြင်း မရှိသေးပါဘူး။

ရှောင်မီက ၂၀၁၄ ခုနှစ်မှာ ပထမဆုံး Mi Pad ကို မိတ်ဆက်ခဲ့ပြီး နောက်နှစ်မှာ Mi Pad 2 ကို ကြေညာခဲ့ပါတယ်။ Mi Pad 2 ကို သတ္တုကိုယ်ထည်၊ Intel Chipset များဖြင့် အဆင့်မြှင့်ခဲ့ပြီး Android နဲ့ Windows 10 Model များ ထုတ်လုပ်ပေးခဲ့ပါတယ်။




Credit to ==>> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com