4/02/2017

♪ " Samsung မှ Galaxy S8 နှင့် S8 + စမတ်ဖုန်းများကို ကြေညာခဲ့ " ♫

Image may contain: phone and text

Samsung သည် Galaxy S8 နှင့် S8+ ထိပ်တန်းစမတ်ဖုန်းများကို တရားဝင်ကြေညာကာ ပြသသွားခဲ့ပြီဖြစ် သည်။ S7 နှင့် S7 Edge တို့ထက် သာလွန်မှုများစွာရှိခဲ့ပြီး နှစ်လိုစဖွယ်ထိပ်တန်း စမတ်ဖုန်းများဖြစ်လာ ခဲ့သည်။ ထူးခြားချက်များအနေဖြင့် ပိုမိုကြီးမားသော Infinity display, Bixby AI, DeX desktop experience, 10 nm SoCs အသစ်နှင့် iris recognition တို့ဖြင့် လုံခြုံရေးကို မြှင့်တင်ခဲ့သည်။

ယမန်နှစ်ကနှင့်စာလျှင် အဓိကအပြောင်းအလဲမှာ screens များဖြစ်ပြီး 2960 x 1440 pixels ရှိ infinity Display ပါဝင်ခဲ့ကာ Mobile HDR Premium ကို ထောက်ပံ့ပေးထားခဲ့သည်။ S8 တွင် 5.8” Super AMOLED display ပါဝင်ပြီး S8 + တွင် 6.2 လက်မ Super AMOLED display ပါဝင်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းများအတွက် ရှေ့ကောနောက်တွင်ပါ Gorilla Glass 5 ဖြင့် ကာကွယ်ပေးထားသည်။ SoCs အသစ်မှာ Samsung နှင့်Qualcomm နှစ်မျိုးစလုံးဖြစ်ကာ 10 nm octa-core big LITTLE processor များဖြစ်ကာ 2.3 GHz မြန်နှုန်းရှိသည်။ RAM 4 GB ပါဝင်ပြီး storage 64 GB ရှိကာ micro SD ဖြင့် 256 GB ထိ ထပ်မံထည့်သွင်းနိုင်မည်ဖြစ်သည်။ အဓိကကင်မရာမှာ Dual Pixel 12 MP (f/7) Smart OIS ကင်မရာဖြစ်ပြီး ရှေ့ဘက်တွင် 8 MP ကင်မရာပါဝင်သည်။ USB Type-C ပါဝင်ပြီး LTE Cat 16 ကို ထောက်ပံ့ပေးထားသည်။

Fingerprint reader အပြင် lris & face recognition system ဖြင့် လုံခြုံရေးကို အားဖြည့်ပေးထားခဲ့သည်။ ဘေးဘက်တွင် Bixby ခလုတ်ပါဝင်ပြီး Phone AI အသစ်ဖြစ်ကာ Samsung DeX ကိုလည်း ထောက်ပံ့ပေးထားပြီး စမတ်ဖုန်းကို desktop သဖွယ် သုံးစွဲနိုင်မည်ဖြစ်သည်။ ဧပြီ 21 ရက်မှ စတင်ဝယ်ယူနိုင်မည်ဟု ဆိုသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com