4/02/2017

♪ " Microsoft ၏ Windows 10 Creator Update အား ဧပြီ ၁၁ ရက်တွင် မြင်ရမည် " ♫

Image may contain: 1 person, text

Windows 10 Creator Update ကို စတင်ဖြန့်ချိပေးမည့်ရက်အား Microsoft မှကြေညာပေးခဲ့ပြီးဖြစ်ပြီး အဆိုပါ Free update သည် ဖန်တီးမှုများ၊ 3D နှင့် mixed reality ကို လူတိုင်းထံသို့ ယူဆောင်လာနိုင်ရန် ရည်ရွယ်ထားသည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် Surface Book, Surface Studio နှင့် Surface Dal တို့ကိုလည်း ဒေသများစွာတွင် စတင်ဝယ်ယူနိုင်တော့မည်ဟု ဆိုခဲ့သည်။

Windows 10 သည် Creator Update နှင့် ဖန်တီးနိုင်စွမ်းများကို ပို၍အာရုံစိုက်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၁ ရက်တွင် စတင်ရရှိမည်ဖြစ်ပြီး 2020 တွင် 3D လုပ်ငန်းများသည် 62% တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ Microsoft မှ အားလုံးကို ယခု update နှင့် ကြိုတင်ပြင်ဆင်ခွင့်ပေးခဲ့ပြီးဖြစ်သည်။ မူလ Paint သည် လစဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်ရှိရာ ယခု Update တွင် အခမဲ့ပါဝင်လာသည့် Paint 3D သည် 3D ပုံများဖန်တီးမှုကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။ Microsoft မှ 3D ပုံ များကို download & Share ပြုလုပ်နိုင်မည့် web portal တစ်ခုဖြစ်သော Remix x 3D .com ကိုလည်း ဖန်တီးပေးထားသည်။

ပုံမှန် 2D screen များထက် ပိုမိုအားသာစေရန် Microsoft မှ Acer, Asus, Dell, Hp , Lenovo တို့နှင့်ပူးပေါင်း ကာ Windows Mixed Reality headset များကိုလည်း 299$ ဖြင့် ထုတ်လုပ်ရန်ရှိနေသည်။ Microsoft ၏ အဆိုအရ developer များသည် Windows Mixed Reality apps များကို ဖန်တီးလျက်ရှိသည်ဟုလည်း သိကြရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com