4/02/2017

♪ " တည်နေရာကိုလိုက်ကြည့်နိုင်မယ့် Messenger Live Location-Sharing " ♫

Image may contain: one or more people and text

Facebook က သူ့ရဲ့ Messenger App မှာ သုံးစွဲသူရဲ့တည်နေရာကို လိုက်ကြည့်နိုင်တဲ့ Live Location-Sharing လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အရင်က တစ်ယောက်ကပို့လိုက်တဲ့ တည်နေရာဟာ နောက်တစ်ယောက်အတွက် ဘယ်နေရာရောက်နေတယ်ဆိုတာကို သိနိုင်တာထက် မပိုခဲ့ပါဘူး။

အခုက Facebook အတွက် အသစ်ဖြစ်ပေမယ့် ဟိုးစောစောကတည်းက Apple ရဲ့ Message App မှာပါပြီးသားဖြစ်လို့ iPhone သမားတွေအတွက် ထူးခြားခံစားမိမှာမဟုတ်တာကို အသိပေးလိုပါတယ်။ ဒီလိုကိုင်တွယ်တဲ့ လက်ကိုင်ဖုန်းအားလုံးပေါ်မှာ အမှားမရှိပဲအလုပ်လုပ်ဖို့ Facebook က မက္ကဆီကိုနိုင်ငံမှာ အောက်တိုဘာလက စစမ်းသပ်ခဲ့ပြီး စိတ်ချရပြီယူဆလို့ အခု Live Location-Sharing လုပ်ဆောင်ချက်ကို အမေရိကားနဲ့ ကမ္ဘာတစ်ဝှမ်းမှာ စမ်းသပ်အသုံးပြုနိုင်ပါပြီ။


သုံးစွဲသူတွေကြား “ မင်းရောက်ဖို့နီးပြီလား ” လို့ ဖုန်းတဂွမ်ဂွမ်ဆက်စရာမလိုအောင် ကောင်းမွန်တဲ့ တည်နေရာကို လိုက်ကြည့်နိုင်တဲ့အချိန်ဟာ မိနစ် ၆ဝ ကြာမြင့်မှာဖြစ်ပါတယ်။ တစ်ခုသတိပေးစရာရှိတာက မိမိရဲ့တည်နေရာကို တစ်ဦးတစ်ယောက်ကို Messenger ကနေပို့ထားပြီးတဲ့နောက်မှာ မိမိ ဘယ်ရောက်ရောက် အဲဒီတစ်ဦးတစ်ယောက်က အချိန်တစ်ခုအထိ နောက်ယောင်ခံသိရှိနေမှာဖြစ်ပါကြောင်း။



ကိုညီညီ (တောင်ကြီး)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com