4/02/2017

♪ Samsung Galaxy S8 ရဲ့ ဥာဏ်ရည်မြင့် ကိုယ်ရေးလက်ထောက် Bixby ရဲ့ စွမ်းရည် ၅ ခု ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Samsung-Galaxy-S8-home-screens-3-840x472.jpg?fit=812%2C446&ssl=1

Samsung က သူကိုယ်တိုင် တီထွင်ထားတဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ကို S8 နဲ့ S8 Plus စမတ်ဖုန်းများမှာ မိတ်ဆက်လိုက်ပါတယ်။ သူက လူလိုပဲ သင့်အား စကားပြောနိုင်ပါတယ်။ သင့်တော်တဲ့ အရာများကို အကြံပြုပေးခြင်း၊ လုပ်စရာ အလုပ်များကို သတိပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဖုန်းမှာ အလုပ်များလုပ်ဖို့အတွက် သူ့ကို အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ သူက ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဘာသာပြန်ခြင်းများကိုလည်း တတ်ကျွမ်းပါတယ်။ အခြား ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များဖြစ်တဲ့ Amazon Alexa , Microsoft Cortana, Apple Siri တို့နဲ့ တူညီအောင် သူ့ကို ဖန်တီးထားတာ မဟုတ်ပေမယ့် သူတို့ရဲ့ စွမ်းဆောင်ချက် အချို့ Bixby မှာ ပါပါတယ်။ S8 ဖုန်းများမှာ Bixby Button ကို ထည့်သွင်းထားပြီး အဲဒီ ခလုတ်ကို နှိပ်၍ သူ့ကို ဆင့်ခေါ်ရမှာပါ။ Bixby ကို နောက်ထုတ်မယ့် စမတ်ဖုန်းများမှာလည်း ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် Bixby ရဲ့ စွမ်းရည် ၅ ခုကို ဖော်ပြလိုက်ပါတယ်။
အသံအမိန့်
ထိတွေ့ အသုံးပြုမှုတိုင်းကို အသံအမိန့်ဖြင့် ပြုလုပ်နိုင်အောင် Bixby ကို Samsung က ဖန်တီးထားပါတယ်။ Selfie ဓါတ်ပုံများ ရိုက်ခြင်း၊ Gallery App ကို ဖွင့်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း စတဲ့ အလုပ်များလို အလုပ်များစွာကို ပြုလုပ်ဖို့ Bixby ကို အသံအမိန့်များဖြင့် ခိုင်းနိုင်ပါတယ်။
ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာခြင်း
S8 စမတ်ဖုန်းများက ဓါတ်ပုံများ ရိုက်ကူးပြီးနောက် အဲဒီ ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အဲဒီ ဓါတ်ပုံများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ပါတယ်။ ဥပမာအားဖြင့် Bixby က နယူးယောက်စီးတီးရှိ Flatiron အဆောက်အဦးကို သိရှိပြီး အနီးအနားမှ စားသောက်ဆိုင်များကို အကြံပြုပေးပါတယ်။
အဲဒီ စွမ်းဆောင်ချက်ဟာ ဈေးဝယ်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ Users များက ကုန်ပစ္စည်းတစ်ခုကို ဓါတ်ပုံရိုက်လိုက်တာနဲ့ ဈေးနှုန်းကို ပြသမှာဖြစ်ပြီး အွန်လိုင်းဈေးဆိုင်များကနေ ဈေးဝယ်နိုင်မှာပါ။ ဒါ့အပြင် အဲဒီ ကုန်ပစ္စည်းနဲ့ တူညီတဲ့ အခြားဈေးဆိုင်မှ ထုတ်ကုန်များကိုလည်း အကြံပြုပေးမှာပါ။
ဘာသာပြန်ခြင်း
Bixby က စာသားများကို ဓါတ်ပုံရိုက်ပြီး အခြားဘာသာစကာသို့ ဘာသာပြန်ပေးပါတယ်။ သူက ဘာသာစကား ၅၂ မျိုးကို ထောက်ပံ့ပါတယ်။ ဒီဝန်ဆောင်မှုဟာ Samsung ရဲ့ ကိုယ်ပိုင် နည်းပညာ မဟုတ်ဘဲ အခြား ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်ထားတာပါ။ အဲဒီ ကုမ္ပဏီ အမည်ကို Samsung က မပြောကြားပါဘူး။
ပိုင်ရှင်ရဲ့ အမူအကျင့်ကို လေ့လာသိရှိခြင်း
အချိန်ကြာလာလေလေ Bixby က ပိုင်ရှင်ရဲ့ စမတ်ဖုန်း အသုံးပြုမှုကို ပိုမို သိရှိလာပြီး User အဆင်ပြေအောင် ကူညီပေးပါတယ်။ User အသုံးပြုမှု အပေါ် အခြေခံ၍ ကဒ်များဖြင့် အကြံပြုပေးမှာပါ။ ဥပမာအားဖြင့် နံနက်ခင်းမှာ User နှစ်သက်တဲ့ သတင်းများ၊ ရာသီဥတု သတင်းအချက်အလက်များကို ပြသပေးမှာပါ။ ညဘက်မှာတော့ အလုပ်ကိစ္စများအတွက် Reminder များ သတ်မှတ်ဖို့ ပြောပေးမှာပါ။ ရည်ရွယ်ချက်က တစ်နေရာထဲမှာ အသုံးပြုနေကျ Apps များကို ပံ့ပိုးပေးဖို့ပါ။

Third-Party Apps များနဲ့ တွဲဖက် အလုပ်လုပ်ခြင်း

Bixby က Photo Gallery လို Apps အချို့နဲ့ ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ အခြား Third-Party Apps များနဲ့ တွဲဖက် အလုပ်လုပ်နိုင်လာမှာပါ။ Samsung က Bixby APIs ကို Developers များအတွက် ဖြန့်ချီပေးမှာဖြစ်တဲ့အတွက် အရောင်းဆိုင်များက သူတို့ရဲ့ ထုတ်ကုန်များကို Bixby က အကြံပြုပေးအောင် ဖန်တီးနိုင်မှာပါ။ Bixby ကို Samsung ရဲ့ စမတ်ထုတ်ကုန်များမှာလည်း အနာဂတ်မှာ ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် အခြား စမတ်ထုတ်ကုန်များ ထုတ်လုပ်သူများက Samsung ရဲ့ Bixby နဲ့ သူတို့ ထုတ်ကုန်များ ပူးတွဲ အလုပ်လုပ်နိုင်အောင် ဖန်တီးလာနိုင်မှာပါ။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com