4/02/2017

♪ “Facebook မှာ 360 Degree Video များကို Live လွှင့်နိုင်ပြီ” ♫

Image may contain: 1 person, standing, text and outdoor

Facebook က ၃၆၀ ဒီဂရီဗီဒီယိုများကိုသူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေနိုင်အောင် ပံ့ပိုးပေးထားပါတယ်။ အခုတော့ Live ထုတ်လွှင့်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် Facebook မှာ Events များကို ၃၆၀ ဒီဂရီဖြင့် တိုက်ရိုက် တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။အဲဒီဗီဒီယိုများကို ရိုက်ကူးဖို့အတွက်တော့ အထူးပြုလုပ်ထားတဲ့ ၃၆၀ ဒီဂရီကင်မရာများ လိုအပ်မှာ ဖြစ်ပါတယ်။

၃၆၀ ဒီဂရီဗီဒီယိုများကို Live လွှင့်တဲ့အခါမှာ Audience နဲ့ Regions များကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်းမန့်နဲ့ Reaction များကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Connection အမြန်နှုန်းကိုလည်း ချိန်ညှိနိုင်ပါတယ်။ Facebook ကတော့ 4Mbps အမြန်နှုန်းကိုအသုံးပြုဖို့ အကြံပေးထားပါတယ်။

Facebook က 360 Degree Camera ဖြစ်တဲ့ Insta360 Nano ဖြင့် ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း ဖြန့်ချိလိုက်ပါတယ်။ Facebook မှာ 360 Degree Video များကို Live လွှင့်ဖို့အတွက် သင့် ကင်မရာရဲ့ Firmware ကိုအဆင့်မြှင့်ထားဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်လျှင် ၂ နာရီကြာ Live လွှင့်နိုင်ပြီး 30 fps ဖြင့် Full HD အရည်အသွေးအထိထုတ်လွှင့်နိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com