4/02/2017

♪ “HTC ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်းကိုဖိညှစ်၍ အသုံးပြုနိုင်မည်” ♫

Image may contain: phone

HTC ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်းကို HTC U လို့ အမည်ပေးထားမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီးဆန်းသစ်တဲ့ ထိန်းချုပ်မှု များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းကိုယခင်က လျှို့ဝှက်အမည် HTC Ocean လို့ ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက် မှာထိတွေ့မှုကိုအာရုံခံနိုင်တဲ့ ကိုယ်ထည် ဖြစ်ပါတယ်။

စမတ်ဖုန်းမှာ Volume Button နဲ့ ပါဝါခလုတ်များ မပါရှိဘဲကိုယ်ထည် ဘေးဘက်ကိုလက်ဖြင့် ထိတွေ့၍ အဲဒီစွမ်းဆောင်ချက်များကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီသတင်းကိုVentureBeat က ဖော်ပြထားတာ ဖြစ်ပါတယ်။ HTC U ဟာ U Play နဲ့ U Ultra တို့ရဲ့ မျိုးဆက် ဖြစ်လာမှာပါ။ Sense Touch စွမ်းဆောင်ချက် ထည့်သွင်းထားမှာ ဖြစ်ပြီးခလုတ်မဲ့ စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။

HTC U မှာ ၅.၅ လက်မ Display , Snapdragon 835 Chipset , microSD Slot , 64GB or 128GB Internal Storage, 12MP Rear Camera, 16MP Front Camera တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ဧပြီလမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com