4/02/2017

♪ “Sony :Everything Becomes Wow” ♫

Image may contain: phone and screen

ကမ္ဘာ့မိုဘိုင်းဖုန်းလောကဟာ တဖြည်းဖြည်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေတိုးလို့လာခဲ့ပါပြီ။ ဒါကို ယခုနှစ်အတွက် ကျင်းပခဲ့တဲ့ MWC 2017 ကသက်သေခံလျက်ရှိပါတယ်။ Sony အနေနဲ့ MWC 2017 ပွဲမှာ ဖုန်းအမျိုးအစားသစ် ၄ မျိုးကိုမိတ်ဆက်ပြသခဲ့ပြီး Xperia XZ Premium, Xperia XZs, Xperia XA1 Ultra တို့ပဲဖြစ်ပါတယ်။ အဲဒီအထဲကမှ အဓိက ဖုန်းအမျိုးအစားဖြစ်တဲ့ Xperia XZ Premium ဟာ မျက်နှာပြင်အကျယ် ၅.၄၆ လက်မအရွယ် 4K မျက်နှာပြင်နဲ့အတူ Snapdragon 835 CPU ပရိုဆက်ဆာ 19MP ကင်မရာနဲ့ Slow-motion ဗီဒီယိုတွေအတွက် 960fps ရှိတဲ့ Motion Eye နည်းပညာတွေတပ်ဆင်ပေးထားတာကို တွေ့ရမှာ ဖြစ်တယ်။ MWC ရဲ့ နှစ်စဉ်ပေးနေကြအကောင်းဆုံးစမတ်ဖုန်းဆိုတဲ့ ဆုကိုလည်း ဆိုနီကနေပဲရရှိ သွားပါတယ်။ Sony အနေနဲ့ စမတ်ဖုန်းတွေရဲ့ ထိပ်တန်းခေါင်းဆောင်လို့ သတ်မှတ်နိုင်တဲ့ Apple, Samsung တို့ရဲ့ ဈေးကွက် ဝေစုကိုရယူနိုင်စေဖို့ အတွက် အကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ ပြောနိုင်ပါတယ်။ စမတ်ဖုန်းတွေဆီကို မြင့်မားတဲ့ တီဗီနည်းပညာတွေ သယ်ဆောင်လာနိုင်ခဲ့ပါပြီ။ ''ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ သုံးစွဲနိုင်တဲ့စမတ်ဖုန်း တွေကို ဒီနေ့အချိန်မှာ မြင်တွေ့နေရ ပါပြီ”လို့ဆိုနီအနေနဲ့ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံအခြေစိုက် မိုဘိုင်းဖုန်း ထုတ်လုပ်သူအအနေနဲ့ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ မိုဘိုင်းဖုန်းလောကအတွက် ဘယ်လိုကောင်းမွန်တဲ့ လုပ်ဆောင် ချက်နဲ့ဖုန်းတွေထုတ်လုပ်ပေးရမလဲ ဆိုတာကို အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့တဲ့ရလဒ်ဟာ ယနေ့အချိန်မှာ တော့ အကောင်းဆုံးအနေထားနဲ့ သုံးစွဲသူတွေ့ရှေ့အရောက်ပို့နိုင်ခဲ့ပါပြီ။ ဒါကြောင့် အကောင်းဆုံးစမတ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ ဆိုနီရဲ့စမတ်ဖုန်းတွေ အကြောင်းကို လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

<Sony Xperia XZ Premium>

Sony ဟာ Xperia XZ Premium ကို မျက်နှာပြင် ၅.၅ လက်မမှာ 4K ရုပ်ထွက် နှင့် ထောက်ပံ့ထားပါတယ်။ HDR ထောက်ပံ့နိုင်ပါတယ်။ Xperia Z5 Premium မှာပါဝင်တဲ့ အလင်းပေးနိုင်စွမ်း ၄ဝ ရာခိုင်နှုန်းပိုပြီးကောင်း မွန်ပါတယ်။ Sony Xperia XZ Premium မှာ Glass Loop Surface မှန်အသုံးပြုထားပါတယ်။ lP68 ထောက်ခံ ချက်ရရှိထားတာကြောင့်ရေစိမ်ခံပါမယ်။ 960fbs အနှေးဗီဒီယို ရိုက်ကူး နိုင်အောင် လုပ်ဆောင်ထားပါတယ်။ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ စမတ်ဖုန်းကင်မရာတွေထက် လေးဆနှေးတဲ့စနစ်နှင့်ရိုက်ကူးနိုင်ပါမယ်။ ဒါ့အပြင် Anti-Distortion Shutter ထည့်သွင်းထားပါတယ်။ စနစ်နှစ်မျိုးစလုံး ကို Sony ရဲ့ RAM ပါဝင်တဲ့ ကင်မရာ ဆင်ဆာသစ်နှင့် ထောက်ပံ့ထားပါတယ်။ ဒီစနစ်ကြောင့် ဗီဒီယိုရိုက်ကူးရာမှာ တစ်စက္ကန့်မှာ ပုံ ၇၂ဝ ရိုက်ကူး နိုင်ပါမယ်။ အစောပိုင်းကကြေညာခဲ့သလို ပုံ ၁ဝဝဝ ရိုက်ကူးနိုင်မှာမဟုတ်ပါဘူး။ Sony Xperia XZ Premium ကို Snapdragon 835 နှင့်အထိုင်ချလာပါမယ်။ Qual-comm Snapdragon 835 ဟာ VR, မြန်နှုန်းမြင့် LTE, ကင်မရာတို့ကို စွမ်းရည်မြင့်မားအောင် ပိုမိုထောက်ပံ့လာနိုင်ပါတယ်။ RAM4GB ပါဝင်မှာ ဖြစ်ပြီး Android 7.0 Nougat ပါဝင်ပါမယ်။ ဘက်ထရီ 3230mAh ပါဝင်ပြီး QuickCharge3.0 နှင့် Qnovo နည်းပညာထည့်သွင်းထား ပါမယ်။ အားသွင်းမှု ကို USB-C ပေါက်မှ ပြုလုပ်ရပါမယ်။ လက်ဗွေရာစနစ်ပါဝင်တဲ့ဖုန်းကို နိုင်ငံပေါ်မူတည်ပြီး ရောင်းချသွားပါမယ်။

<Cutting edge Camera>

နောက်ပိုင်းထွက်ဆိုနီစမတ်ဖုန်းတွေမှာ သုံးထားတဲ့ကင်မရာနည်းပညာဟာ cyber-shot ကင်မရာတွေလောက် နီးနီးအသုံးတည့်လာပါတယ်။ XZ Premium ရဲ့ကင်မရာဟာ အလင်းရောင်နည်းပါးတဲ့အချိန်မှာ ရိုက်ကူးတဲ့ပုံရိပ် တွေကိုတောင် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ပေးစွမ်းပါလိမ့်မယ်။ ပိုမိုကြီးမားတဲ့ Pixels နဲ့ ရှင်းလင်း ပီသတဲ့ ရုပ်ထွက်တဲ့ ရရှိစေဖို့အတွက် Exmor RS မိုဘိုင်းဆင်ဆာနဲ့ G-lens တို့က ပြုလုပ်ပေးပါလိမ့်မယ်။ ဆိုနီရဲ့ Bravia TV တွေမှာသုံးထားတဲ့ နည်းပညာကို ထည့်သွင်းပေးထားတာကြောင့် 4K HDR ရုပ်ထွက်နဲ့ ရုပ်သံဇာတ်လမ်းတွေကို ကြည့်နိုင်မှာပါ။ မိုဘိုင်းဖုန်းတွေ အတွက် Triluminos display နည်း ပညာကိုသုံးထား ပြီး အရောင်ထုတ်လွှင့်မှု အပိုင်းမှာ ပုံမှန်တီဗီတွေထက် ၁၃၈ ရာခိုင်နှုန်းပိုကောင်းအောင် ပြသပေးနေ မှာပါ။ Video clip တွေကိုဖုန်းမှာကြည့်တဲ့အချိန် အရုပ်တွေဟာလှပပြီး ရွန်းလက် တောက်ပနေပါလိမ့်မယ်။ အရောင် တစ်ခုထဲက တိုးထွက်လင်းမနေ နဲ့ အရောင်အားလုံးပေါင်းစပ်ပြီး စိုပြည်တဲ့အရောင်နဲ့မြင်ရမှာပါ။ Pixels တစ်ခု ချင်းဆီအလိုက် တိကျနေပြီး၊ အရောင်တွေထဲမှာပြင်ပအနှောင့်အယှက်တွေ ဝင်ရောက်နေမှာမဟုတ်ပါဘူး။ အရည်အသွေးနိမ့်တဲ့ပုံရိပ်တွေကို HD အဆင့် ထိ အလိုအလျောက်တိုးမြှင့်ဖော်ပြပေးပါလိမ့်မယ်။ Amazon prime video လို content တွေကို ကြည့်ရှုနိုင်ပါလိမ့်မယ်။

<Capture a new world>

ဘယ်လိုနေရာမျိုးမှာမဆို ပြည့်စုံကောင်းမွန်တဲ့ ရုပ်ထွက်တွေရဖို့ ဒီ လုပ်ဆောင်ချက်က ကူညီပေးပါလိမ့်မယ်။ Motion Eye နည်းပညာတွေ တပ်ဆင်ပေးထားတာကြောင့် Slow-motion ဗီဒီယိုတွေကို တစ်စက္ကန့် 960fps နှုန်းရိုက်ကူးနိုင်ပါလိမ့်မယ်။ Playback အနှေးပြကွက်ပိုင်းမှာ ဆိုရင်လည်း အခြားစမတ်ဖုန်းတွေထက်လေးဆပိုမို နှေးကွေးစွာဖော်ပြ ပေးပါလိမ့်မယ်။ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို အသေးစိတ်တစ်ကွက်ချင်း လိုချင်သူတွေ အတွက် ကတော့လုံးဝအဆင်ပြေစေမှာပါ။

<Let is rain>

ကိုယ်ထည်ဒီဇိုင်းဟာလုံးဝပရီမီယမ်ဖြစ်ပြီးဘေးဘောင်လေးတွေမှာ စပ်ကြောင်းအလွှာတောင်မရှိပါဘူး။ တောက် ပတဲ့ဖန်သားမျက်နှာပြင်နဲ့ အသေးစိတ်လေ့လာအဆင့်မြှင့်တင်ထားတဲ့ အတွင်းပိုင်းပါဝင်မှုတွေကို ရရှိမှာပါ။ တကယ်ကိုဆိုနီသုံးစွဲသူတွေ နှစ်ခြိုက်သဘောကျစရာကောင်း လောက်အောင် အတွဲအဖက်ညီပါလိမ့်မယ်။ အကြမ်းခံနိုင်စွမ်းနဲ့ ရေစိုဒဏ် ခံနိုင်စွမ်းကိုလည်း ထောက်ပံ့ပေးထားတာကြောင့် မိုးရွာထဲမှာတောင်ဖုန်းကို သုံးနိုင် တဲ့အပြင်၊ Corning Gorilla Glass ကလည်း ရုပ်တရက်လွတ်ကျတဲ့ အချိန်မှာ ဖြစ်သွားနိုင်တဲ့ ဖန်သားပြင် အက်ကွဲမှုတွေကို ကာကွယ်ပေးပါလိမ့် မယ်။

<Power to go faster>

သွက်လက်မြန်ဆန်တဲ့ အွန်လိုင်းရှာဖွေနိုင်စွမ်း၊ ဂိမ်းကစားတဲ့အခါ ချောမွေ့မှု၊ video streaming တွေကိုအထေ့အငေါ့မရှိကြည့်ရှုနိုင်စွမ်းကိုရရှိစေနိုင်မယ့် ပရိုဆက်ဆာကိုတပ်ဆင်ပေးထားပါတယ်။ Qualcomm snapdragon 835 ပရိုဆက်ဆာဟာ Download speed ကို 1GBps အထိရရှိအောင်စွမ်းဆောင် ပေးပါလိမ့်မယ်။ ဘက်ထရီ သက်တမ်းချွေတာနိုင်စွမ်းနဲ့ဂိမ်းတွေဆော့ကစားတဲ့ အခါမှာသွက်လက်တဲ့ ဂရပ်ဖစ်အမြန်နှုန်းရရှိအောင် ပရိုဆက်ဆာက ထောက်ပံ့ ပေးမှာဖြစ်ပြီး CPU ရဲ့အမြန်နှုန်းဟာ အခြားစမတ်ဖုန်းတွေထက် စာရင် ၂ဝရာခိုင်းနှုန်း ပိုမိုမြန်ဆန်ပါလိမ့်မယ်။ upload speed ကိုတော့ 150Mbps အထိရနိုင်ပါတယ်။ အချက်အလက်တွေဖတ်ပြီး ပြန်လည် ဖော်ပြနိုင်စွမ်းဟာအခြားဖုန်းတွေမှာပါတဲ့ memory ပိုင်းတွေထက်၃ဆပိုမို လျင်မြန်ပါတယ်။ video, image တွေကြည့်ဖို့ အချိန်အကြာကြီးစောင့်စရာ မလိုပါဘူး။ မိမိနှစ်သက်တဲ့ video clip ပေါ်မှာ တစ်ချက်တို့ထိ လိုက်တာနဲ့ ချက်ချင်းဖော်ပြပေးမှာပါ။ ဖုန်းတွင်းအချက်အလက်သိုလှောင်မှုမလုံလောက် သူတွေအတွက် Micro SD Card ကိုထည့်သွင်းပြီး 256GB အထိ တိုးမြှင့်နိုင် ပါလိမ့်မယ်။ ဖိုင်တွေကိုသွက်လက်မြန်ဆန်စွာ လွှဲပြောင်း နိုင်စေဖို့အတွက် usb 3.1 နဲ့ဖြစ်ပြီး usb 2.0 ထက်၁ဝဆပိုမိုမြန်ဆန်တဲ့ လုပ်ဆောင်ချက်ကိုရနိုင် ပါတယ်။ ဖိုင်လွှဲပြောင်းတဲ့ အမြန်နှုန်းကတော့ 5Gbps ဖြစ်ပါတယ်။

<Battery that lives longer>

ဘက်ထရီသက်တမ်းဟာ ဖုန်းတစ်လုံးအတွက် အဓိကအရေးကြီးတဲ့ အပိုင်းက ပါဝင်တာကြောင့် ပရီမီယမ်မှာ လည်းအဆင့်ဆင့်သုံးနိုင်တဲ့ Battery feature တွေထည့်ပေးထားပါတယ်။ Energy consumption လုပ်ဆောင်ချက်ကြောင့် ဖုန်းကိုတစ်နေ့တာလုံးသုံးနိုင်ပါလိမ့်မယ်။ ဘက်ထရီစွမ်းအားကို မလိုအပ်ဘဲ ကုန်မသွားစေဖို့ပြု လုပ်ထားနိုင်ပြီး ဘက်ထရီစွမ်းအားအယူဆုံး app တွေကို ပိတ်ထားနိုင်ပါတယ်။ အချိန်ပြည့်နီးပါးလောက် ဘက်ထရီရဲ့အခြေအနေကို စောင့်ကြည့်နေမှာဖြစ်ပြီး ပြင်ပရာသီဥတုရဲ့အပူချိန်၊ ဖိအားတွေကို ခံနိုင်စွမ်းရှိ အောင်ပြု လုပ်ပေးပါလိမ့်မယ်။ ဘက်ထရီအားသွင်းတဲ့စနစ်ကိုလည်း ၉ဝရာခိုင်နှုန်းကနေ ၁ဝဝရာခိုင်နှုန်းအခြေအနေ ကြားကို smart charging cycles နဲ့ထိန်းပေးပါလိမ့်မယ်။ ဘာကြောင့် ဒီလိုလုပ်ပေးလဲဆိုရင် over-charging အခြေအနေထိရောက်သွားပြီး ဘက်ထရီပြဿနာမဖြစ်ပေါ် စေအောင်ပါ။

<Sony Xperia XZs>

Xperia XZs မှာ မျက်နှာပြင် ၅.၂ လက်မကို 1080p ရုပ်ထွက်နှင့် ထောက်ပံ့ လာမှာဖြစ်ပြီး Motion Eye ကင်မရာပါဝင်ပါတယ်။ ရောင်းချမယ့်ရက်ကိုတော့ ဧပြီ ၅ ရက်နေ့လို့ ထုတ်ပြန်ထားပါတယ်။ မျက်နှာပြင် ကာကွယ်နိုင်စွမ်း ကတော့ gorilla glass နဲ့ဖြစ်ပြီး Snapdragon 820 နှင့် ပါဝါထောက်ပံ့ လာပါမယ်။ Quad-Core ပရိုဆက်ဆာရဲ့အစွမ်းဟာ သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်နိုင်မှုကို ပေးစွမ်းပါလိမ့်မယ်။ ကျောဘက်ကင်မရာ က 19MP ဆင်ဆာသုံးထားပြီး အလင်းဝင်ပေါက် f/2.0ပါဝင်ပါတယ်။ Predictive၊ Laser Autofocus ပါဝင်ပါတယ်။ RGBC-lR ဆင်ဆာပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် ပြုလုပ်နိုင်ပါမယ်။ SteadyShot 5-axis Digital Stabilization ပါဝင် ပါတယ်။ Sony ဟာ Panorama Mode ကိုပိုကောင်းအောင်လုပ်ဆောင် ထားပါတယ်။ Motion Eye ကတော့ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ပါတယ်။ Selfie ကင်မရာက 13MP ဖြစ်ပြီး 22mm Wide-Angle lens ပါဝင်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ 2900mAh ကိုသုံးထားပြီး အားသွင်း မြန်ဆန် ဖို့အတွက် Quick charge 3.0 ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေဖတ်စနစ် ကိုတော့ ဖြန့်ချိရာဒေသ ပေါ်မှာမူတည်ပြီး ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဆိုနီဖုန်းတွေရဲ့အစဉ်အလာအတိုင်း ရေစိုဒဏ်ခံနိုင်အောင်လည်း ထည့်သွင်း ပေးထားပါသေးတယ်။

<Super slow motion>

သင့်မျက်စိကနေ လိုက်လံမှတ်သားဖို့မလွယ်တဲ့အခိုက်အတန့် တွေရှိနေပါ လိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေကို မှတ်တမ်းတင်နိုင်စေဖို့အတွက် Motion eye လုပ်ဆောင်ချက်က စွမ်းဆောင်ပေးပါလိမ့်မယ်။ Motion Eye နည်းပညာ တွေ တပ်ဆင်ပေးထားတာကြောင့် Slow-motion ဗီဒီယိုတွေကို တစ်စက္ကန့် 960fps နှုန်း ရိုက်ကူး နိုင်ပါလိမ့်မယ်။ Playback အနှေးပြကွက်ပိုင်းမှာ ဆိုရင်လည်း အခြားစမတ်ဖုန်းတွေထက် လေးဆပိုမိုနှေးကွေးစွာ ဖော်ပြပေး ပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်ကိုအသုံးပြုပြီးတော့ သင့်ရဲ့အမှတ်ရစရာ ဘယ်လိုအခိုက်အတန့်ကိုမှ လွတ်သွားစေမှာမဟုတ်တော့ပါဘူး။ ဒါဟာ ပြောမယ်ဆိုရင် cybershot ကင်မရာတွေမှာသာ ပေးအပ်ထားတဲ့ စွမ်းဆောင်ချက်ပါ။

<A breakthrough in clarity>

ပုံရိပ်တွေကိုဖမ်းယူတဲ့အခါမှာ ဘယ်လိုအလင်းရောင်မျိုးမှာမဆို ကြည်လင် ပြတ်သားစွာရနိုင်ပါလိမ့်မယ်။ ည အမှောင်ရှုခင်းတွေ ရိုက် ကူးတဲ့အချိန်မှာ ကြီးမားတဲ့ဆင်ဆာ၊ Pixels အရွယ်အစားတွေကြောင့် သာမန်ပုံရိပ် ဖမ်းယူမှု ထက်ရှင်းလင်း၊ ပီသတဲ့ရုပ်ထွက်ကိုရနိုင်မှာပါ။ Stadyshot နည်းလမ်းကို သုံးနိုင်တာကြောင့်လည်း video တွေရိုက်ကူးတဲ့အချိန်မှာလက်လှုပ်လိုက်တဲ့ အတွက်ကြောင့် ဝေဝါးပျက်သွားတာမျိုးတွေဖြစ်စေမှာ မဟုတ်ပါဘူး။ 5-axis image stabilization ဟာဗီဒီယိုတွေကို ထောင့်ပေါင်းစုံကနေ မှတ်တမ်းတင် နိုင်စေမှာပါ။ ဒီလုပ်ဆောင်ချက်ဟာ ရုပ်ရှင်ဇာတ်ကားအရှည်တွေ ရိုက်တဲ့ အချိန်မှာ အသုံးဝင်ပါလိမ့်မယ်။

<Part of you>

လက်ကိုင်ဖုန်းရဲ့သင်နဲ့ ကြားကွဲပြားမှုဆိုတာ ရှိစေမှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် XZs ဟာမျက်နှာ ပြင်ပိုင်း သပ်ရပ်မှု တင်မကပါဘူး၊ ခလုတ်လေးတွေကလည်း ကိုင်တွယ်ရတာသေသပ်လှပါတယ်။ ရေစိုဒဏ်၊ ဖုန်ဒဏ်တွေကို ကာကွယ်နိုင်စွမ်းအတွက်ကတော့ IP65/68 နည်းပညာကို သုံးထားပါတယ်။ အရည်အသွေး မြင့်မားတဲ့ Audio ဖိုင်တွေကိုလည်း အခန့်သင့်နားဆင်နိုင်ပါလိမ့်မယ်။ အရည်အသွေးနိမ့်တဲ့ အသံဖိုင်တွေကို တောင် နည်းပညာ ထောက်ပံ့မှုကြောင့် အသံအရည်အသွေးပိုင်းကိုတိုးမြှင့်ပြီး ထုတ်လွှင့် ပေးပါလိမ့် မယ်။ ဂိမ်းကစားတဲ့အပိုင်းမှာတော့ wi-fi ကွန်ရက်နဲ့ ချိတ်ဆက်ကာ PS4 ဂိမ်းတွေကို ဆော့ကစားနိုင်ပါလိမ့်မယ်။ ဂိမ်းလက်ကိုင် စက်တော့လိုအပ်ပါလိမ့်မယ်။

<Sony Xperia XA1>

Sony Xperia XA1 က ဘောင်အနားသတ်မယ့် လုနီးပါးရုပ်ထွက်နှင့် ဖန်တီးထားပါတယ်။ ကိုယ်ထည်ပိုင်းမှာ လည်းသပ်ရပ်လာပြီးတော့ ၅လက်မမျက်နှာပြင်နဲ့ဖြစ်ပါတယ်။ Xperia XA1 မှာ ပိုပြီးတော့ ကောင်းမွန်တဲ့ ကင်မရာအသုံးပြုလာပါတယ်။ ကျောဘက်ကင်မရာ 23MP သုံးလာပါတယ်။ f/2.0အလင်းဝင်ပေါက် ပါဝင် ပါတယ်။ Hybrid AF နှင့် SteadyShot ပါဝင် ပါတယ်။ ဒီစနစ်တွေကို ယခင်ဗားရှင်းမှာလည်း ထည့်သွင်းထားပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် မပြုလုပ်နိုင်ပါဘူး။ 1080p ဖြင့်ပဲ ပြုလုပ်နိုင်ပါမယ်။ ဒါပေမယ့် ကင်မရာ ပိုင်းကတော့ အလယ်အလတ်တန်းဖုန်းတွေထဲမှာ ရင်ခုန်ချင်စရာအကောင်းဆုံးဖြစ်ပါတယ်။ Selfie ကင်မရာက 8MP ထည့်သွင်း ပေးထားသလို Autofocus နှင့် SteadyShot လုပ်ဆောင်ချက်ကို သုံးစွဲနိုင် မှာပါ။ Xperia XA1 ကို MediaTek Helio P20 နှင့် ပါဝါထောက်ပံ့ထားပြီး RA ကြတော့ 3GB ပါဝင်ပါတယ်။ ဘက်ထရီစွမ်းအား ပိုင်းမှာတော့ 2300mAh ကိုသာသုံးထားပါတယ်။ အားသွင်းမှုပိုင်းမှာတော့ USB C နဲ့ ချိတ်ဆက် သုံးနိုင်မှာ ဖြစ်ပါတယ်။ Xperia XA1 ကို အဖြူရောင်၊ အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်ဆိုပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။

<Impressive Photo quality>

Sony ဖုန်းတွေမှာ ထည့်ပေးထားတဲ့ကင်မရာဟာ အမြဲတမ်းကောင်းမွန်တဲ့ ရုပ်ထွက် ရအောင်စွမ်းဆောင်ပေး ပါတယ်။ F2.0 lens နဲ့အတူ Exmor RS ဆင်ဆာကို 23MP ကင်မရာနဲ့တွဲဖက်ပေးထားတာကြောင့် တကယ့်ကို အရည်အသွေးမြင့် ပုံရိပ်တွေကိုရနိုင်မှာပါ။ ဘဝရဲ့ပျော်ရွင်စရာ အခိုက်အတန့် တွေကို မလွတ်တမ်းဖမ်းယူပြီး အချိန်မရွေးပြန်ကြည့်နိုင်ပါလိမ့်မယ်။ မြန်ဆန်သွက်လက်တဲ့ superfast autofocus ကို သုံးနိုင်သလို၊ ည အမှောင်မှာ ရိုက်တဲ့ပုံရိပ်တွေအတွက် ပုံမှန်အရည်အသွေးရအောင် ဖော်ပြပေးပါလိမ့်မယ်။ selfie ဓာတ်ပုံ ကောင်းတွေရယူလိုသူတွေအတွက် 8MP selfie ကင်မရာဟာ wideangle lens နဲ့ဖြစ်ပါတယ်။ ဒါကြောင့်မြင် ကွင်းကျယ် selfie ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။

<Bolderless design>

ဘေးဘောင်လေးတွေမပါဘူးလို့ထင်ရလောက်အောင်ကို ဒီဇိုင်းက ခမ်းနား လွန်းပါတယ်။ ဒါကြောင့်လက်ထဲမှာ ကိုင်တွယ်ရတာ အလိုက်သင့်အနေအထား လေးဖြစ်နေမှာပါ။ သွက်လက်မြန်ဆန်တဲ့ အွန်လိုင်းရှာဖွေနိုင်စွမ်း၊ ဂိမ်းကစား တဲ့ အခါချောမွေ့မှု၊ video streaming တွေကိုအထစ်အငေါ့မရှိ ကြည့်ရှုနိုင်စွမ်း ကိုရရှိစေနိုင်မယ့် ပရိုဆက်ဆာကိုတပ်ဆင်ပေးထားပါတယ်။ video, image တွေကြည့်ဖို့ အချိန်အကြာကြီးစောင့်စရာ မလိုပါဘူး။ မိမိနှစ်သက်တဲ့ video clip ပေါ်မှာ တစ်ချက်တို့ထိလိုက်တာနဲ့ ချက်ချင်းဖော်ပြပေးမှာပါ။ ဖုန်းတွင်း အချက်အလက်သိုလှောင်မှုမလုံလောက်သူတွေအတွက် micro sd card ကိုထည့်သွင်းပြီး 256GB အထိ တိုးမြှင့်နိုင်ပါ လိမ့်မယ်။ 4G ကွန်ရက်ရဲ့ မြန်ဆန်တဲ့လုပ်ဆောင်မှုအတွေ့ အကြုံသစ်ကိုရရှိနိုင်ပါလိမ့်မယ်။ Smart cleaner လုပ်ဆောင်ချက်ဟာ ဖုန်းရဲ့သိုလှောင်နိုင်စွမ်းစီမံခန့်ခွဲနိုင်စေဖို့ အတွက်မလိုအပ်တဲ့ app, cache တွေကိုရှင်းထုတ်ပေးပါလိမ့်မယ်။ ဘက်ထရီစွမ်းအားကို မလိုအပ်ဘဲကုန်မသွားစေဖို့ ပြုလုပ်ထားနိုင်ပြီး ဘက်ထရီစွမ်းအား အယူဆုံး app တွေကိုပိတ် ထားနိုင်ပါတယ်။ အချိန်ပြည့် နီးပါးလောက် ဘက်ထရီရဲ့အခြေအနေကိုစောင့်ကြည့် နေမှာဖြစ်ပြီး ပြင်ပရာသီဥတုရဲ့အပူချိန်၊ ဖိအားတွေကို ခံနိုင်စွမ်းရှိအောင်ပြုလုပ်ပေးပါ လိမ့်မယ်။

<Sony Xperia XA1 Ultra>

Sony ဟာ မျက်နှာပြင် ၆ လက်မဖြစ်ပြီး 1080p ရုပ်ထွက်သုံးထားပါတယ်။ XZ Premium ထက်ပိုပြီးတော့ ပေါ့ပါးအောင်ဖန်တီးထားပါတယ်။ Xperia XA1 Ultra မှာလည်း သူတို့ရဲ့အစဉ်အလာအတိုင်း 16MP ကို အသုံးပြုလာပါတယ်။ Autofocus နှင့် LED Flash တို့ ထည့်သွင်း ပေးထားပါတယ်။ အလင်း ဝင်ပေါက် f/2.0 ထည့်သွင်းထားပါတယ်။ ထုံးစံအတိုင်းကျောဘက်ကင်မရာ ကိုလည်း ဆွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်း ဖြစ် အောင်ဖန်တီးထားပါတယ်။ Sony Xperia XA1 Ultra မှာ Android 7.0 အသုံးပြုလာမှာဖြစ်ပြီး ယခုနှစ် အစောပိုင်းမှာ မြင်တွေ့ရပါမယ်။ အဖြူရောင်၊ အနက်ရောင်၊ ရွှေရောင်တို့ နှင့်ရွေးချယ်နိုင်မှာဖြစ်ပြီး ပန်းရောင်ဗားရှင်းကို လည်း ဥရောပမှအပ အခြား ဈေးကွက်တွေမှာ ရောင်းချသွားဖို့ရှိပါတယ်။

<Big design for big moments>

၆လက်မမျက်နှာပြင်ဟာ ကျယ်ဝန်းပြည့်စုံတဲ့ မြင်ကွင်းအတွေ့အကြုံကို ရရှိစေပါလိမ့်မယ်။ မျက်နှာပြင် ကြီးမား တဲ့ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်တခုဖြစ်တဲ့ minidisplay လုပ်ဆောင်ချက်ကိုလည်း သုံးနိုင် ပါလိမ့်မယ်။ ၆လက်မမျက်နှာပြင် အပြည့်နီးပါးသုံးစရာမလိုတော့ဘဲ မြင်ကွင်းကိုချုံ့ပြီးဖော်ပြပေးမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ရော၊ အနောက်ဘက်မှာပါ တပ်ဆင်ပေးထားတဲ့ကင်မရာတွေဟာ ပုံရိပ်ကို အသေး စိတ်အရည်အသွေးရရှိမှု၊ ဘယ်လိုအလင်းရောင်မျိုးမှာမဆို စစ်မှန်တဲ့ ပုံရိပ်ရရှိမှုတွေကိုပေးစွမ်းမှာပါ။ 16MP အရှေ့ဘက်ကင်မရာဟာ ပြည့်စုံတဲ့ selfie ဓာတ်ပုံတွေကို ထုတ်ပေးပါလိမ့်မယ်။ ဒါအပြင့်လက်လှုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ပုံရိပ်ဝေဝါးမှုတွေအတွက်လည်း hand shutter လုပ်ဆောင်ချက် ကို သုံးနိုင်ပါလိမ့်မယ်။ Exmor RS ဆင်ဆာကိုသုံးပြီးတော့လည်း ရှင်းလင်း၊ ပီသတဲ့ selfie ဓာတ်ပုံတွေရိုက်နိုင်ပါလိမ့်မယ်။ Wide angle ကြောင့် သူငယ်ချင်းအကုန်လုံးပါအောင် မှတ်တမ်းတင်ထားနိုင်ပါလိမ့်မယ်။ ဘက်ထရီ ကို ပိုမိုမြန်ဆန်စွာအား သွင်းနိုင်စေဖို့အတွက်လည်း Pump Express+ 2.0 လုပ်ဆောင်ချက် ထည့်သွင်းပေးထားပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ သွက်လက် မြန်ဆန်တဲ့ လုပ်ဆောင်မှုပေးစွမ်းစေဖို့အတွက်တော့ octa-core ပရိုဆက်ဆာမှာ 4GB RAM ပေါင်းစပ်ပေးထားပါတယ်။ သုံးထားတဲ့ ပရိုဆက်ဆာကတော့ 64Bit Mediatek Helio P20 ပဲဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်း အတွက်တော့ Mali- T880MP2 ဖြစ်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းမှာ 32GB/64GB ရွေးချယ်နိုင်မှာ ဖြစ်ကာ၊ ဗီဒီယိုနဲ့ဓာတ်ပုံတွေများပြားလို့ ထပ်တိုးချင်တယ်ဆိုရင်တော့ SD card ကိုအသုံးပြုပြီး 256GB အထိ တိုးမြှင့်နိုင်စွမ်းရှိပါလိမ့်မယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com