4/04/2017

♪ " Camarada 3D Camera, VR Camera " ♫

Image may contain: 2 people, outdoor and text

Camarada က အခြားကင်မရာ app တွေနဲ့ မတူညီတဲ့ ထူးခြားတဲ့ကင်မရာ app တစ်ခုဖြစ်ပြီး 3D ဗီဒီယိုတွေ (ဒါမှမဟုတ်) VR video တွေ ဖန်တီးလို သူတွေ မဖြစ်မနေအသုံးပြုသင့်ပါတယ်။ စမတ်ဖုန်း 2 လုံးကို ပေါင်းစပ်ပြီးတော့ 3D video တွေ၊ VR video တွေကို ဖန်တီးနိုင်မယ့် app ဖြစ်ပါတယ်။

ဒီ app ကို အသုံးပြုထားခြင်းဖြင့် အသုံးပြုထားတဲ့ စမတ်ဖုန်းရဲ့အနီးအနားမှာရှိတဲ့ စမတ်ဖုန်းတွေကို ချိတ်ဆက်ကာ camera array အဖြစ် ပြောင်းလဲပစ်နိုင်ပြီး VR ဗီဒီယိုတွေ ထုတ်လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့ အမှတ်တရတွေကို VR video နဲ့ ပြန်လည်ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ 3D ဗီဒီယို ဖမ်းယူနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော မိုဘိုင်း app ဖြစ်ပြီး အရင်က တန်ဖိုးကြီးတဲ့အထူးပစ္စည်းကိရိယာတွေနဲ့သာ ဖန်တီးနိုင်တဲ့ VR ဗီဒီယိုတွေကို ဒီ app တစ်ခုတည်းနဲ့ ဖန်တီးနိုင်မှာဖြစ်ပါတယ်။

စမတ်ဖုန်းကင်မရာတွေကို တိကျစွာချိတ်ဆက်ပေးပြီး အသုံးပြုသူ ဘာမှလုပ်စရာမလိုဘဲ စစ်မှန်တဲ့ VR video တွေ ထုတ်လုပ်ပေးနိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Single-user mode နဲ့ multi-phone mode တို့ ပါရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ VR content တွေကို အသုံးပြုသူတွေ စိတ်ကြိုက်ဖန်တီးနိုင်မှာပါ။ ဒီ app ကို Android 4.4 နဲ့အထက် အသုံးပြုနိုင် ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com