4/04/2017

♪ “အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ” ♫

Image may contain: one or more people, phone and text

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းရင် ၀င်လိုက်၊ မ၀င်လိုက်ဖြစ်နေတယ်။ အားမ၀င်ရင် အားသွင်းကြိုးကိုလှုပ်လိုက်ရင်တော့ အားပြန်ဝင်တယ်ဗျာ။ အဲ့တာဘာဖြစ်တာလဲ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့ Error က USB ခေါင်းကဖြစ်တတ်သလို အားသွင်းကြိုးကလဲ ဖြစ်တတ်ပါတယ်။ အရင်ဆုံး အားသွင်းကြိုးကိုလဲကြည့်ပါ။ မရရင် USB ခေါင်းကိုငြိမ်သွားအောင်ခဲတို့ကြည့်ပါ။ မရရင်တော့ USB ခေါင်းလဲလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့် Samsung S3 လေး အားသွင်းကြိုးထိုးမှ သုံးလို့ရတယ်။ အားသွင်းကြိုးဖြုတ်ရင် ပါဝါပြန်ကျသွားတယ်။ ကူညီပါဦး။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အရင်ဆုံး Battery လဲကြည့်ပါ။ မရဘူးဆိုရင်တော့ Charging IC ကို လဲကြည့်လိုက်ပါ။ တစ်ခါတစ်လေ Power IC တက်လဲမှ ရသွားတာမျိုးလည်းရှိပါတယ်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က နားကြပ်မထိုးဘဲ နားကြပ်ပုံပေါ်ပြီး အသံမထွက်ဘူး။ ဘာဖြစ်တာလဲ မသိဘူးဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က ရေ၀င်ထားသေးလား။ Phone ထဲ ရေ၀င်ရင်လည်း ဖြစ်တတ်ပါတယ်။ ရေ၀င်ထားရင်တော့ အစ်ကို့ Phone ကို တင်နာနဲ့ နားကြပ်ခေါင်းကို ဆေးပေးပါ။ ရေမ၀င်ထားရင်တော့ နားကြပ်ခေါင်းနဲ့ ပတ်သက်တဲ့ လမ်းကြောင်းပိုင်းဆိုင်ရာကိုစစ်ဆေးရမှာပါ။ အဆင်ပြေပါစေ။

မေး - Huawei C8816D ကို Root မဖောက်ဘဲ မြန်မာဖောင့်သွင်းချင်လို့ပါ။ ကူညီပါဦး။
ဖြေ - Huawei Model နောက်ပိုင်းဖုန်းတော်တော်များများမှာ Themes Icon လို့ခေါ်တဲ့ EMOTION Themes တွေပါဝင်ပါတယ်။ EMUI Themes Font Changer (apk) ကိုသုံးပြီး Font Style နေရာမှာ Zawgyi Font ကို Apply လုပ်ပြီး Reboot ချလိုက်ရင် အစ်ကို့ဖုန်းအတွက် မြန်မာဖောင့် အသုံးပြုလို့ရပါပြီ။ အဆင်ပြေပါစေ။

မေး - ကျွန်တော့် Samsung J7 ကို Firmware ကိုယ်တိုင်ဒေါင်းပြီး Update လုပ်ချင်လို့ပါ။ ဖုန်းက ဘာတွေကို ကြည့်ပြီး ဒေါင်းရမလဲခင်ဗျာ။
ဖြေ - Samsung Firmware ဒေါင်းဖို့ Setting > About > Software Info မှာ Build No ကိုကြည့်ရပါမယ်။ မိမိဖုန်းထက်မြင့်တဲ့ Build No ကိုတင်မှ Updage ဖြစ်မှာပါ။ နောက်တစ်နည်းက *#1234# ကိုနှိပ်ပြီး PDA ရဲ့ နံပါတ်ကိုကြည့်ပြီးတော့လည်း Firmware ရှာနိုင်ပါသေးတယ်။ Samsung တွေမှာက Firmware ကို Region အလိုက်ထုတ်တာမို့ ဂရုစိုက်ပြီးဒေါင်းဖို့ လိုပါမယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်း Firmware တင်လိုက်တာ လိုင်းမတက်ဘူးဖြစ်နေပါတယ် ခင်ဗျာ။ ဖုန်းက Setting > About > Baseband Version မှာ Unknown ဖြစ်နေပါတယ်။
ဖြေ - ဖုန်းအများစု Baseband Unknown ဖြစ်ရတာက Software (Firmware) Region မှားတင်မိလို့ပါ။ ဥပမာ Huawei မှာဆို CHNC နဲ့ CNCC တို့ကွဲပါတယ်။ CHNC Firmware ကို CNCC တင်မိရင်တော့ သေချာပေါက် Baseband Unknown ဖြစ်မှာပါ။ Vivo မှာဆို Y-15 မှာ Region က ၅ မျိုးလောက် ထွက်ပါတယ်။ မှားတင်မိတာနဲ့ Unknown Baseband ဖြစ်တာပါပဲ။ ဒါကြောင့် အစ်ကို့ Phone အတွက် အခြား Firmware တစ်ခုပြောင်းတင်ပါလို့ အကြံပေးပါရစေခင်ဗျာ။

မေး - Samsung ဖုန်းတွေကို အတုအစစ်ဘယ်လိုခွဲခြားလဲဆိုတာ မသိလို့ ပြောပြပေးလို့ရမလားခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Samsung ဖုန်းတွေကို အတုအစစ်ခွဲခြားတဲ့ နည်းလမ်းရှိပါတယ်။ ဖုန်းမှာ *#0*# လို့နှိပ်ပါ။ အဲ့ဒီမှာ ဖုန်းရဲ့ Setting ပိုင်းဆိုင်ရာစစ်နိုင်ပြီး ဖုန်းရဲ့ Setting ထဲက Display ထဲမှာ Font Style ဆိုတာပါရင် အစစ်လို့သတ်မှတ်နိုင်ပြီး Font Style ဆိုတာမပါရင်တော့ အတုလို့သတ်မှတ်နိုင်ပါတယ်။

မေး - ကျွန်တော့် iPhone 5 iOS Version နောက်ဆုံးထွက်တင်လို့ ရပါသလား ခင်ဗျာ။ Error လေးများရှိလား။ ကောင်းကွက်လေးများရောပါလာသလားခင်ဗျာ။ တစ်ချက်ရှင်းပြပေးပါ။
ဖြေ - iPhone 5 ကိုနောက်ဆုံးထွက် Version iOS 9.1 တင်လို့ရပါတယ်ခင်ဗျာ။ Error ကင်းပါတယ်။ အသစ်ပါဝင်လာတာကတော့ iOS Version 9 မှာ Power Save Mode ပါဝင်လာပြီး ဘက်ထရီအား တော်တော်ကြာရှည်ခံလာတာကို တွေ့ရပါတယ်ခင်ဗျာ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com