4/05/2017

♪ စမတ်တီဗီကို ဖောက်ထွင်းပြတဲ့ ဟက်ကာ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Samsung-Smart-TV-796x398.jpg?fit=800%2C450&ssl=1

စမတ်နေအိမ် ထုတ်ကုန်များဟာ လူတွေကို များစွာ အထောက်အကူပြုနိုင်ပေမယ့် အပြည့်အ၀ လုံခြုံစိတ်ချရမှု မရှိပါဘူး။ အရင်က စမတ် Doorbell နဲ့ အပူချိန်တိုင်း ကိရိယာများကို ဟက်ကာများက ဖောက်ထွင်းနိုင်ခဲ့ပါတယ်။ အခုတော့ စမတ်တီဗီလည်း အဲဒီ ဖောက်ထွင်းခံရတဲ့ စာရင်းမှာ ပါလာပါပြီ။ ဒီတစ်ခါတော့ အင်တာနက် ဆက်သွယ်မှုကို ပိတ်ထားရင်တောင် ဟက်ကာတွေက မမှုပါဘူး။

လုံခြုံရေး အတိုင်ပင်ခံ Rafael Scheel က Samsung စမတ်တီဗီများကို ဖောက်ထွင်း သရုပ်ပြသခဲ့တာ ဖြစ်ပါတယ်။ သူက စမတ်တီဗီများမှာ Root Access ကို ရရှိအောင် ပြုလုပ်ခဲ့ပြီး ဒီလို ပြုလုပ်နိုင်ခြင်းဟာ ဟက်ကာများအတွက် Home Network မှ အခြား ကိရိယာများကို ဖောက်ထွင်းခြင်း၊ တီဗီ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို အသုံးပြု၍ User အား ထောက်လှမ်းနေခြင်း စတာတွေကို ပြုလုပ်နိုင်တယ်လို့ သူက Ars Technica ကို ပြောပါတယ်။

Scheel က Digital Video Broadcasting – Terrestrial ( DVB-T) Signal ထဲမှာ Malicious Commands များကို ထည့်သွင်းခြင်းဖြင့် ဟက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နည်းလမ်းမှာ ဈေးပေါတဲ့ Transmitter တစ်ခုကိုလည်း အသုံးပြုထားပါတယ်။

Scheel ဟာ ဆွစ်ဇာလန် လုံခြုံရေး အတိုင်ပင်ခံ ကုမ္ပဏီ Oneconsult အတွက် ဒီနည်းလမ်းကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နည်းလမ်းဟာ တီဗီများစွာကို တစ်ပြိုင်နက် ဖောက်ထွင်းနိုင်တယ်လို့ သိရပါတယ်။ Firmware ကို Update ပြုလုပ်ခြင်းဖြင့် သူ့ရဲ့ နည်းလမ်းကို ကာကွယ်နိုင်ပေမယ့် စမတ်တီဗီထုတ်လုပ်သူ များဟာ Firmware Update များကို ပုံမှန် ဖြန့်ချီပေးလေ့ မရှိပါဘူး။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com