4/05/2017

♪ မြန်မာငွေ ၆ သောင်းတန် ကမ္ဘာ့အသေးငယ်ဆုံး မီးခြစ်အရွယ် စမတ်ဖုန်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/posh-mobile-micro-x.jpg?fit=800%2C538&ssl=1

Phablet တွေကို မေ့ပစ်လိုက်တော့ လို့ စိန်ခေါ်ပြီး ဈေးကွက်ကို ထိုးဖောက်လာခဲ့သူကတော့ Posh Mobile Micro X ဆိုတဲ့ စမတ်ဖုန်းငယ်ကလေး ပဲ ဖြစ်ပါတယ်။

စတင်ပြီး ထုတ်လုပ်ခဲ့ကတည်း က Phablet တွေကို ယှဉ်ပြိုင်ဖို့အတွက်  ရည်ရွယ်ပြီး Anti-Phablet ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့် တကယ့်တကယ်တမ်းမှာ သူရဲ့ မျက်နှာပြင် က ၂.၄ လက်မ ပဲ ရှိပါတယ်။ HDTV အငယ်စားကလေး ကို ရရှိပိုင်ဆိုင်ထားသလို ခံစားရမယ့် ဒီ စမတ်ဖုန်းကလေးကို Amazon မှာ ဒေါ်လာ ၅၅ နဲ့ ရောင်းချနေတဲ့အတွက် မြန်မာငွေနဲ့ဆိုရင် ၆ သောင်းကျော်၊ ရ သောင်း ပဲ ရှိပါတယ်။

Posh Mobile Micro X ဟာ ဆင်းကဒ်တစ်ခု ပဲ ထည့်သွင်းလို့ရပြီး GSM နက်ဝက်ဖြစ်ပါတယ်။ ဘက်ထရီကတော့ 650 mAh Li-Ion ဘက်ထရီထည့်သွင်းထားပါတယ်။ ကင်မရာကလည်း 2 MP ပဲရှိပါတယ်။ ကင်မရာကလည်း တစ်လုံးတည်းသာ ပါဝင်တာပါ။ Android 4.4 kit kat ထည့်သွင်းထားပြီး 512MB RAM ကို သုံးစွဲထားပါတယ်။ ပရိုဆက်ဆာကတော့ Dual-Core ဖြစ်ပါတယ်။

Specs ကလည်း နည်းပါးလှပါတယ်။ သတိထားမိတယ် ဆိုတာထက် မပိုပါဘူး။ စိတ်ဝင်စားဖို့ ဆိုတာကလည်း နည်းနည်း အလှမ်းဝေးလွန်းပါတယ်။ ဘာဖြစ်လို့ နိုင်ငံတကာ က စာမျက်နှာတွေမှာ ဒီဖုန်းအကြောင်း ကို တကူးတက ပြောဆိုနေရတာလဲ ဆိုတဲ့ အချက်ကို Amazon မှာ ရှင်းပြထားတာ က ဒီလိုပါ။ မီးခြစ်တစ်လုံးလောက် အရွယ် သာ ရှိတဲ့ Mobile Micro X ဟာ အော်ဒါရှိမှ ရောင်းချပေးတဲ့ စနစ် ကို သုံးစွဲထားတဲ့အတွက် ဒီဖုန်းနဲ့ ပတ်သက်ပြီး ၀ယ်ယူသူ ဘက် က စိတ်တိုင်းကျ မှာကြားနိုင်တယ် ဆိုတဲ့ အားသာချက် ရှိနေတာကြောင့် ဖြစ်တယ် လို့ သိရပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com