4/05/2017

♪ အားသွင်းစရာ မလိုတဲ့ စမတ်ဖုန်းများ လာမည် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Cover-1.jpg?fit=800%2C450&ssl=1

နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ စမတ်ဖုန်းများကနေ တက္ကစီ ငှားခြင်း၊ ငွေလွှဲခြင်းနဲ့ အခြားအလုပ်များစွာကို ပြုလုပ်နိုင်လာကြပါပြီ။ ဒါပေမယ့် စမတ်ဖုန်းများကို နေ့စဉ် အားသွင်းနေရတာက အလုပ်ရှုပ်စေပါတယ်။ အခုတော့ သြစတြေးလျရှိ RMIT University မှ သိပ္ပံပညာရှင်များက အားသွင်းစရာ မလိုတဲ့ စမတ်ဖုန်း လက်တော့နဲ့ ကားများကို တီထွင်နိုင်မယ့် နည်းပညာကို ဖန်တီးလိုက်ပါတယ်။

နေရောင်ခြည်မှာ ကျွန်တော်တို့ နေ့စဉ် အသုံးပြုတဲ့ အီလက်ထရောနစ် ကိရိယာများကို အားဖြည့်ပေးနိုင်တဲ့ စွမ်းအင် အလုံအလောက်ရှိပါတယ်။ ဒါပေမယ့် ပြဿနာက နေရောင်ခြည် မရတဲ့ အခါမှာ အားဖြည့်လို့ မရတာ ဖြစ်ပါတယ်။ အဲဒီအတွက် စွမ်းအင် သိုလှောင်ပေးတဲ့ ဘက်ထရီများကို အသုံးပြုကြရတာ ဖြစ်ပါတယ်။
Supercapacitor လို့လည်း ခေါ်ကြတဲ့ Supercaps များဟာ နေရောင်ခြည် စွမ်းအင်နဲ့ ပေါင်းစပ် အသုံးပြုရင် အီလက်ထရောနစ် ကိရိယာများကို အားဖြည့်ပေးနိုင်ပြီး ကဏ္ဍအများစုမှာ သမားရိုးကျ ဘက်ထရီများထက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းအင် သိုလှောင်နိုင်မှု ပမာဏဟာ နည်းပါးပါတယ်။

အခုတော့ Supercaps များရဲ့ သိုလှောင်နိုင်မှုကို ၃၀၀၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးနိုင်တဲ့ Electrode ကို တီထွင်နိုင်ပါပြီ။ ဒီလို တီထွင်ဖို့အတွက် အပင် တစ်မျိုးမှာ တွေ့ရတဲ့ Patterns များကို အတုယူခဲ့ရတယ်လို့ ဒေါက်တာဘွဲ့ရထားတဲ့ သုတေသန ပညာရှင် Litty V. Thekkekar နဲ့ ပါမောက္ခ Min Gu က သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။



လက်ရှိမှာ အဲဒီနည်းပညာကို ပိုမိုတိုးတက်အောင် သုတေသန ပြုလုပ်နေဆဲ ဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ်မှာ အားသွင်းစရာ မလိုတဲ့ စမတ်ဖုန်း၊ တက်ဘလက်များကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com