12/08/2015

♪ “ ZTE Blade X9 VS Gionee Marathon M5 “ ♫


ZTE ရဲ့ Blade series အတွက် အသစ်ထွက်ရှိလာတဲ့ Blade X9 ဟာ High-end တစ်လုံးဖြစ်ပြီး သူ့မှာသုံးစွဲလို့ကောင်းတဲ့အချက်တွေ အများစုပါရှိပါတယ်။ X9 ဟာဆိုရင် ၅.၅ လက်မအရွယ် Full HD Display နဲ့ ထွက်ရှိလာပြီး Dual-SIM သုံးနိုင်ပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး LED flash မီး ထည့်သွင်းထားပါတယ်။ Full HD 1080p ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး 5MP ကင်မရာကို ရှေ့မျက်နှာပြင် အခြမ်းမှာ တပ်ဆင်ထားပါတယ်။ ZTE Blade X9 မှာ fingerprint သုံးနိုင်ပြီး proximity, compass, accelerometer စတဲ့ sensor တွေ ပါဝင်ပါတယ်။

Li-Ion 3000mAh ဘက်ထရီဟာ အသုံးခံနိုင်တဲ့ အရည်အသွေး ရှိပါတယ်။ ZTE Blade X9 နဲ့ Gionee Marathon M5 တို့မှာ Android OS 5.1 (Lollipop) သုံးနိုင်ပါတယ်။ Marathon M5 မှာ အားသာချက်တစ်ခုအဖြစ် Li-Ion 6020mAh ဘက်ထရီကို အားလုံးနဲ့မတူဘဲ အကောင်းဆုံး သုံးစွဲနိုင်အောင် တပ်ဆင်ပေးထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ထည့်ထားပြီး ပင်မကင်မရာဟာ 13MP နဲ့ ရှေ့ဘက်မှာ 5MP ကင်မရာ ပါဝင်ပါတယ်။

* Design *
1. ZTE Blade X9 ZTE
Blade X9 ဟာ 6.11 x 3.04 x 0.34 လက်မအရွယ်အစားရှိပြီး ဘေးထောင့်တွေကို ခုံးပေးထားပါတယ်။ ပါးလွှာတဲ့ဒီဇိုင်းမဟုတ်ဘဲ တောင့်တောင့်တင်းတင်းနဲ့ 160 g အလေးချိန်ရှိပါတယ်။ Blade X9 ရဲ့ ခိုင်ခံ့တဲ့ကိုယ်ထည်ကို သတ္တုအပြည့် ဖုံးအုပ်ပေးထားပါတယ်။

2. Gionee Marathon M5
သတ္တုနဲ့ ဖွဲ့စည်းထားပြီး ဘေးဘောင်တွေဟာ တိုင်းတာရ ခက်ခဲလောက်အောင် ကျဉ်းမြောင်းနေတာမို့ ကိုယ်ထည်ဒီဇိုင်းကို ပိုမိုကြွလာစေပါတယ်။ စပီကာကို ကျောဘက်မှာ တွေ့နိုင်ပြီး 8.6mm အထူရှိပါတယ်။ ဘေးထောင့်တွေကို အနည်းငယ်ခုံးထားပါတယ်။

* Processor *
1. ZTE Blade X9
Qualcomm Snapdragon 615 octa-core processor ကြောင့် ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာ မြန်ဆန်သွက်လက်နေမှာဖြစ်ပြီး အလုပ်ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။ ပါဝင်တဲ့ RAM ပမာဏဟာ 2GB ဖြစ်ပြီး ဂိမ်းကစားနိုင်ဖို့အတွက် ဂရပ်ဖစ် Adreno 405 ထည့်သွင်းထားပါတယ်။

2. Gionee Marathon M5
64bit MediaTek MT6735 quad-core processor ဟာ စွမ်းဆောင်ရည်အတွက် ကောင်းမွန်သလို 1.3GHz မြန်နှုန်းလည်း ရှိပါတယ်။ ပိုမိုသုံးလို့ကောင်းအောင် 2GB RAM နဲ့ ထောက်ပံ့ပေးထားတာကြောင့် ဂိမ်းနဲ့ မီဒီယာအပိုင်းမှာ စိတ်ချလို့ရပါတယ်။

* Display *
1. ZTE Blade X9
ဖုန်းမှာ ၅.၅ လက်မအရွယ် IPS LCD Display ဟာ 1080 x 1920 pixels full HD အရည်အသွေးကို ပံ့ပိုးပေးထားပါတယ်။ ခြစ်ရာပွန်းရာဒဏ်တွေကနေ ကာကွယ်ပေးနိုင်တဲ့ Corning Gorilla Glass Display ကိုလည်း Blade X9 မှာ ပါဝင်ပါတယ်။

2. Gionee Marathon M5
AMOLED အမျိုးအစား ၅.၅ လက်မအရွယ် Display ဟာ ဂိမ်း၊ ရုပ်ရှင်၊ အင်တာနက်သမားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ HD ရုပ်ထွက်အရည်အသွေးနဲ့ 267ppi pixel သိပ်သည်းဆပါရှိတာမို့ ကြည်လင်ပြတ်သားဆုံးမြင်ကွင်းကို ခံစားနိုင်ပါတယ်။

* Verdict *
1. ZTE Blade X9
ZTE က မိတ်ဆက်ကြေညာခဲ့တဲ့ Blade X9, X5, X3 mid-range ၃ လုံးထဲမှာ Blade X9 ဟာဆိုရင် အကောင်းဆုံး high-end တစ်လုံး ဖြစ်ပါတယ်။ Display ကို ကြည့်ရင်လည်း ၅.၅ လက်မအရွယ် Full HD IPS သုံးနိုင်တာကြောင့် အားလုံးထက် ပိုအဆင့်မြင့် ကောင်းမွန်နေပါတယ်။

2. Gionee Marathon M5
Gionee ရဲ့ ဆန်းသစ်တီထွင်မှုကို Marathon M5 ရဲ့ ဘက်ထရီအပိုင်းမှာ အကောင်းဆုံး မြင်တွေ့နိုင်ပြီး Power Bank တစ်လုံးလိုလည်း ဆောင်ရွက်ပေးနိုင်တဲ့ Marathon M5 ကို ဖုန်းအသုံးများသူတွေ အတွက် ရွေးချယ်ဝယ်ယူသင့်တဲ့ စမတ်ဖုန်းစာရင်းမှာ ပါဝင်နေတာ သေချာပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com