12/14/2015

♪ ၃၆၀ ဒီဂရီ မြင်ကွင်းများကို ရိုက်ကူးနိုင်သည့် ကင်မရာပါဝင်သော Yezz ၏ SFERA ♫


စမတ်ဖုန်းများ ထုတ်လုပ်သော Yezz ကုမ္ပဏီသည် ၃၆၀ ဒီဂရီဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည့် စမတ်ဖုန်း တစ်မျိုးကို မိတ်ဆက်ကာ GoPro ပရိသတ်များအတွက် အကြိုက်တွေ့မည့် ဖုန်းလည်းဖြစ်သည်။

အဆိုပါဖုန်း၏ အမည်မှာ Sfera ဖြစ်ပြီး စက်လုံးသဏ္ဍာန် ရုပ်ပုံများကို ရိုက်ကူးနိုင်ရန် အထူးဖန်တီးထားသည့် 5-megapixel ကင်မရာ တစ်စုံပါဝင်ကာ ဇန်နဝါရီတွင် နှစ်စဉ်ကျင်းပနေကျ CES ပွဲ၌ မိတ်ဆက်သွားမည် ဖြစ်သည်။ Sfera တွင် ၃၆၀ ဒီဂရီ မြင်ကွင်းများကို ပေါင်းစပ်ပေးမည့် software အသုံးပြုထားပြီး ၎င်းမှာ Google ၏ Photo Sphere app ကဲ့သို့ လုပ်ဆောင်ချက်များ ပါဝင်သည်။ ထို့အပြင် Sfera ဖုန်းဖြင့် ၃၆၀ ဒီဂရီမြင်ကွင်း ဗီဒီယိုများကို ကြည့်ရှုနိုင်ရန် VR ထုတ်ကုန်တစ်မျိုးကို ထုတ်လုပ်ထားသည်။ Sfera ဖုန်းသည် VR ထုတ်ကုန်များ ရေပန်းစားလာမှုနှင့်အတူ သုံးစွဲသူများကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း Yezz မှ ပြောကြားခဲ့သည်။

Yezz ၏ Sfera တွင် Android 6.0 Marshmallow နှင့် ၅.၅ လက်မ 1080 pixel display အသုံးပြုထားသည်။ Sfera တွင် RAM 3GB နှင့်အတူ eight-core 2.2GHz MediaTek Helio X10 ပရိုဆက်ဆာနှင့် storage 32 GB ပါဝင်သည်။ Sfera သည် action camera တွဲဖက်ပစ္စည်းများစွာနှင့် အသုံးပြုနိုင်ကြောင်း Yezz မှ ထုတ်ပြန်ထားသည်။


Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com