12/03/2015

♪ ဈေးနှုန်းချိုသာပြီးစွမ်းဆောင်ရည်ကောင်းမွန်သောဟန်းဆက်အသစ် - “XOLO One” ♫



ပြည်တွင်းဈေးကွက်မှာသုံးစွဲသူများအတွက် ရွေးချယ်စရာတံဆိပ်များစွာရှိပါတယ်။ တံဆိပ်တစ်ခုကတော့ အိန္ဒိယနိုင်ငံအခြေစိုက်သည့် XOLO ဖုန်းများ ဖြစ်ပါတယ်။ ထို XOLO ဖုန်းများကို Next 9 ကုမ္ပဏီမှ တင်သွင်းဖြန့်ချိခြင်း ဖြစ်ပါတယ်။ ထို XOLO ဖုန်းများကိုမြို့ကြီးများတွင် ဖြန့်ချိရောင်းချပေးထား ပါတယ်။ တံဆိပ်အမျိုးအစားများစွာရောင်းချနေသောအိန္ဒိယနိုင်ငံတွင် XOLO တံဆိပ်အနေဖြင့်ရောင်းအားကောင်းပြီး၊ အဆင့်အနေအထားအားဖြင့် ထိပ်ဆုံးနေရာများမှာပါဝင်ထားပါတယ်။ အရင်ဦးဆုံးတင်သွင်းထားသည့်ဖုန်း အမျိုးအစားများသည် တန်ဖိုးသိပ်မကြီးမားခြင်းကြောင့် လူတန်းစားမျိုးစုံ ၀ယ်ယူသုံးစွဲဖို့အဆင်ပြေစေပါတယ်။

ပြည်တွင်းသုံးစွဲသူများနဲ့ကိုက်ညီမှု ရှိစေမယ့်မြန်မာစာစနစ်ကိုလည်းဖုန်းအားလုံးမှာ ထည့်သွင်းပေးထား ပါတယ်။ XOLO One ဟန်းဆက်ရဲ့ တည်ဆောက်မှုဒီဇိုင်းဟာသေသပ် ကောင်းမွန်ပါတယ်။ ဖုန်းအနောက် ကာဗာဟာလည်းအချို့သောသူများ အတွက်ကြိုက်နှစ်သက်ဖွယ်အသွင်အပြင်ရှိပါတယ်။

ဖုန်းရဲ့အရွယ်အစား ပမာဏကတော့128x64.3x9.3mm ဖြစ်ကာ၊ ဆင်းကတ် နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်ပါမယ်။ IPS LCD capacitive touchscreen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 4.5 inches ဖြစ်ကာ၊ မြင်ကွင်းစွမ်းရည် အတွက် 480x854 pixels ပမာဏထောက်ပံ့ ပေးထား ပါတယ်။ ppi သိပ်သည်းဆကတော့ 218 ဖြစ်ပါတယ်။ ကင်မရာနှစ်မျိုး နှစ်စားပါရှိပြီးအရည်အသွေးကတော့ အလယ်အလတ်အဆင့်ပါ။

အဓိက ကင်မရာက5MPစွမ်းရည်ဖြစ်ကာ၊ ရှေ့ကင်မရာငယ်ကတော့ VGA စွမ်းရည် ရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို1GB နှင့် Internal Storage ကို 8GB ထည့်သွင်းပေးထားပါတယ်။ အသုံးပြုလို့ရမယ့် OS Version ကတော့ Lollipop ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့်ဘက်ထရီ အမျိုးအစားကတော့ Li-Ion 1700mAh ဖြစ်ကာ၊စကားပြောဆိုချိန်အတွက် 3G Network တွင် ၈ နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။

<Specification>
Network - GSM/HSPA
Screen - 4.5 inches
Memory - 8 GB, up to 32 GB
Bluetooth - v4.0
Camera - 5 MP
OS - Android OS, v5.0
Contact - 09-250080364
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com