Xiaomiက Mi Pad 2 Tablet ကိုအင်္ဂါနေ့ကမိတ်ဆက်လိုက်ပါတယ်။ Mi Pad 2 ဟာiPadနဲ့ ဆင်တူတယ်လို့ ကျွမ်းကျင်သူများကသုံးသပ်ပါတယ်။ Mi Pad 2 ဟာယခင်မျိုးဆက်ထက် ပေါ့ပါးပြီးသာလွန်ပါတယ်။ Mi Pad 2 မှာသတ္တု ကိုယ်ထည် ကိုတပ်ဆင်ထားပြီး ၆.၉၅ မီလီမီတာအထူရှိပါတယ်။
၃၂၂ ဂရမ် အလေးချိန်ရှိပါတယ်။ ၇.၉ လက်မ 2048x1536p Display တပ်ဆင်ထားပြီး 326ppi ဖြစ်ပါ တယ်။ Intel 64-bit X5-Z8500 2.24GHz Processor, 2GB RAM ထည့်သွင်းထားပါတယ်။ 16 or 64GB Storage များရွေးချယ်နိုင်ပါ တယ်။ Mi Pad 2 ကို Android မောင်းနှင်တဲ့ အမျိုးအစားအပြင် Windows 10 မောင်းနှင်တဲ့ အမျိုးအစားကိုလည်းထည့်သွင်းပေးထားပါတယ်။
အနောက်ဘက်တွင် 8MP Camera နဲ့ အရှေ့ဘက်တွင် 5MP Camera ပါရှိပါတယ်။ 6190mAh Battery ထည့်သွင်းထားပြီးအင်တာနက်နဲ့ ဗီဒီယို များ ကြည့်လျှင် ၁၂.၅ နာရီအသုံးခံတယ်လို့ ပြောပါတယ်။ 16GB Version ကိုယွမ် ၉၉၉ နဲ့ 64GB Version ကိုယွမ် ၁၂၉၉ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal