တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi မှ ၂၀၁၆ နှစ်ဆန်း ပိုင်းမှာ ကြော်ငြာမိတ်ဆက်ပေးဖွယ်ရှိတဲ့ MI 5 Flagship ထိတ်တန်းစမတ်ရဲ့ဖြစ်နိုင်ခြေရှိတဲ့ဓာတ်ပုံတစ်ချို့ပျံနှံခဲ့သည်။
MI 4 ကိုမိတ်ဆက်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်သော်လည်း MI 5 ထွက်မလာခဲ့ခြင်းအကြောင်းကို Xiaomi CEO Lei Jun ကိုမေးမြန်းကြရာ စောင့်ရကျိုးနပ်စေပြီ အပြည့်စုံဆုံးဖြစ်အောင်ပြုလုပ်နေ သည်ဟု ဆိုခဲ့သည်။ အဆိုပါဓာတ်ပုံများအရ မျက်နှာပြင်မှန်ပုံစံကို 2.5 D Curved အခုံး ဒီဇိုင်းဖြစ် ပြီးဘေးဘောင်များ မှာ မပါသလောက်ပါးလွှာတာကိုတွေ့ရမှာဖြစ်ပါတယ်။လက်ဗွေစနစ်ပါဝင်သော Physical Home Key ,Snapdragon 820 တို့နှင့် ပွဲထွက်လာဖွယ်ရှိပါတယ်။
MI 5 ,MI 5 Plus သို့ Pro ကဲ့သို့ဗားရှင်းများဖြင့်ထုတ်လုပ်မည်ဟုခန့်မှန်းကြပြီး ဈေးနူန်း ကိုလည်း US $ 350 ခန့်ဖြစ်ဖွယ်ရှိတယ်လို့ဆိုခဲ့ကြပါတယ်။
Ref: GSMARENA
Credit to ==> Phone News Up To Date