တယ်လီနောမြန်မာမှ နိုင်ငံတကာမှ ခရီးသွားများအတွက် ရည်ရွယ်၍ Tourist Sim တစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။
Credit to ==> TechSpace Journal
ယင်းထုတ်လုပ်လိုက်သော ဆင်းမ်ကတ်သည် တန်းဖိုး ၁၂၀၀၀
ကျပ်ကျသင့်မည်ဖြစ်ပြီး သက်တမ်းမှာ ၁၄ ရက်ဖြစ်သည်။ သို့သော် ၄င်း ၁၄
ရက်ကျော်လွန်ပြီး ဖုန်းထဲရှိ ငွေများကုန်သွားသည့်အခါ ရက် ၃၀ အတွင်း
ထပ်မံငွေဖြည့်ပါက ပုံမှန်းဆင်းမ်ကတ် အတိုင်းပြန်လည်
အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆင်းမ်ကတ်တွင် 1GB Smart
Internert Package ၊ ၅၀၀၀ ကျပ်တန် ဖုန်းခေါ်ဆိုမှု Facebook ကို အကန့်သတ်မရှိ
အခမဲ့ အသုံးပြုခွင့်တို့ပါဝင်သည်။
“မြန်မာနိုင်ငံမှာ ခရီးသွားလာရေးလုပ်ငန်း တဟုန်တိုး မြင့်တက်လာနေပါတယ်။ အခု ဝန်ဆောင်မှု အသစ်က မြန်မာနိုင်ငံကို လာရောက် လည်ပတ်သူတွေအတွက် အိမ်မှာ ကျန်ခဲ့တဲ့ မိသားစု၊ သူငယ်ချင်းတွေ နဲ့ အမြဲတမ်းချိတ်ဆက်နေနိုင်ဖို့ လွယ်ကူပြီး စိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာ ဖြစ် ပါတယ်။ စီးပွားရေးလုပ်ငန်းကြောင့်ပဲဖြစ်ဖြစ်၊ အပန်းဖြေဖို့လည်ပတ်တာပဲ ဖြစ်ဖြစ် ခဏတာ လာရောက် လည်ပတ်သူတွေအနေနဲ့ ဒီဝန်ဆောင်မှုရဲ့ အကျိုးကျေးဇူးတွေကို ရရှိလိမ့်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည် ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief Marketing Officer ဖြစ်သူ Joslin E Myrthong မှ ပြောသည်။
“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ကွန်ယက်က ၁၀၀ ရာခိုင်နှုန်း 3G ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ တာဝါတိုင် ၃၈၀၀ ကျော်ကို စိုက်ထူပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ နေရာတော်တော် များများမှာ အသုံးပြုသူတွေအတွက် အင်တာနက် ဒေတာ အသုံးပြုမှုကို ကောင်းမွန်စွာ ပေးအပ်နိုင် ပြီ ဖြစ်ပါတယ်။” ဟု၎င်းကဆက်လက်ပြောသည်။ ပြည်တွင်းဖုန်းခေါ်ဆိုမှုများကို တစ်မိနစ်လျှင် ၂၅ ကျပ် စာတိုတစ်စောင်လျှင် ၁၅ ကျပ်နှုန်းသတ်မှတ်ထားပြီး နိုင်ငံတကာသို့ ကနေဒါနိုင်ငံသို့ တစ်မိနစ် ၁၀၀ ကျပ်၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ကို တစ်မိနစ် ၂၀၀ ကျပ်တို့ဖြင့် ခေါ်ဆိုနိုင် မည် ဖြစ်သောကြောင့် နိုင်ငံခြားသား ခရီးသွားများအတွက် ပိုမိုသင့်လျှော်မည်ဖြစ်သည်။ နိုင်ငံတကာ စာတိုပေးပို့မှုများကို တစ်စောင်လျှင် ၃၀ ကျပ်နှုန်းဖြင့် မည်သည့်နိုင်ငံမဆို ပေးပို့နိုင်မည်ဖြစ်သည်။
အဆိုပါဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် တယ်လီနောမြန်မာ၏ အရေးပေါ် ကြိုသုံး ၀န်ဆောင်မှုမှလွှဲ၍ အခြား ၀န်ဆောင်မှုများနှင့် ပရိုမိုးရှင်းများကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ်အား အသုံးပြုလိုပါက ပထမဆုံးဖုန်းခေါ်ဆိုမှုဖြင့် Activate ပြုလုပ်နိုင်မည်ဖြစ်သည်။Tourist SIM များကို ကုမ္ပဏီမှ တိုက်ရိုက်ဖွင့်ထားသော (COCO) ဆိုင်များ၊ ဖရန်ချိုက်စ်စနစ်ဖြင့် ဖွင့်ထားသော (FOFO) ဆိုင်များ၊ လေဆိပ်များ၊ ဟိုတယ်များ နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင် ရရှိနိုင်ကြောင်းသိရသည်။