Samsung မှ clamshell စမတ်ဖုန်းအသစ်အား တရုတ်တွင်
တရားဝင်စတင်ရောင်းချခဲ့ပြီး W2016 ဟု အမည် ပေးခဲ့ကာ ယခင်ကယူဆသကဲ့သို့
Galaxy Golden 3 ဖြစ်မလာခဲ့ပေ။ Samsung ၏ တရုတ် website တွင်
စတင်တွေ့ရှိရသော်လည်း ထူးခြားချက်မှာ specs အား ပြသထားခြင်းမရှိချေ။
ထို့ကြောင့် ဖုန်းအတွင်းပိုင်း အတွက် TENAA ၏ data
များကိုသာကြည့်ရှုရမည်ဖြစ်သည်။ Samsung W2016 တွင် ၃.၉လက်မ အရွယ်ရှိ
1280x768 Super AMOLED touchscreen ၂ ခုပါဝင်ပြီး အဓိကကင်မရာမှာ 16MP ဖြစ်ကာ ရှေ့တွင် 5MP selfie ကင်မရာပါဝင်သည်။
Exynos 7420 SoC အား သုံးထားပြီး RAM 3GB နှင့် သိုလှောင်နိုင်စွမ်း 64GB ပါဝင်သည်။ Dual-SIM ထောက်ပံ့ပေးထားပြီး 4G network ထိသုံးနိုင်ကာ 2000mAh ဘက်ထရီအားသုံးစွဲထားသည်။ Android 5.1 Lollipop အားသုံးထားပြီး Fast Charging နှင့် wireless charging လည်းပါဝင်သည်။
Samsung ၏ ၂၀၁၅ အဆင့်မြင့်ဖုန်းများနည်းတူ W2016 အား သတ္တုနှင့်ဖန်သားများသာသုံးကာ တည်ဆောက်ထားသည်။ 15.1mm အထူရှိပြီး 204g လေးကာ ဒေါ်လာ ၁၅၆၅ ၀န်းကျင်ထိ ဈေးနှုန်း ရှိကြောင်းသိရသည်။ Clamshell ဖုန်းနှစ်သက်သူများအတွက် ရည်ရွယ်ထုတ်လုပ်သော W2016 သည် မီးခိုးနှင့် ရွှေရောင် ၂ မျိုး ထုတ်လုပ်ထားပြီး လက်ရှိ၌တရုတ်တွင်သာ ရောင်းချကြောင်းသိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal