Price » 380,000 Ks
Contact Phone » 01-371923 (AMT Mobile)
* Specification *
» Network : 2G, 3G (Micro-SIM) » Weight : 169 g » Display : 4.0", AMOLED capacitive touchscreen » Dimensions : 123.9 x 60.2 x 13.9 mm » Memory : 16GB, 1GB ROM, 512MB RAM microSD, up to 32GB » Camera : 41 Megapixel, Front : VGA, autofocus, Carl Zeiss optics, Geo-tagging, face detection » Connectivity : GPRS, EDGE, WLAN, Bluetooth, USB » Chipset : CPU : 1.3GHz RAM 11 GPU : Broadcom BCM2763 » OS : Nokia Belle OS
Nokia N808 ရဲ့ အံ့သြစရာကောင်းတဲ့ 41MP ကင်မရာကို ဖုန်းတစ်ခုလုံးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ကင်မရာရဲ့ အဓိကလျှို့ဝှက်ချက်က Extra-large sensor ပါဝင်နေတာဖြစ်ပြီး အရွယ်ကြီးမားတဲ့ Lens ကြောင့် အလင်းရောင်ကောင်းကောင်း ရရှိနိုင်တဲ့အပြင် ရုပ်ပုံကို ပိုမိုတိကျပြတ်သားအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Nokia မှာ အရောင်းရဆုံးစမတ်ဖုန်း၊ စီးပွားရေး လုပ်ငန်းသုံး၊ ဂိမ်းကစားဖို့ အသင့်တော်ဆုံး၊ အဆင့်မြင့်ကင်မရာဖုန်းနဲ့ အကောင်းဆုံးစမတ်ဖုန်းတွေကို အများဆုံးတွေ့ရပြီး ဒီအချက်တွေအားလုံး ပြည့်ပြည့်စုံစုံကိုတော့ Nokia N808 မှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။
Nokia N808 ဟာ N8 ထွက်ရှိပြီးနောက် အသစ်ဝင်လာတဲ့စမတ်ဖုန်းဖြစ်ပြီး N8 နဲ့ယှဉ်ရင်တော့ N808 ရဲ့ sensor က ပိုမိုကြီးမားပါတယ်။ Pixel ပမာဏ ပိုမိုများပြားလာရုံသာမက နောက်ကျောဘက်ကင်မရာရဲ့ ဖွဲ့စည်းထားပုံကလည်း ကြီးမားလာပါတယ်။ Nokia N808 ရဲ့ကိုယ်ထည်ဟာ တောင့်တင်းပြီး ကြီးမားလေးလံ ပါတယ်။ ပုံမှန်ထက် သူ့ရဲ့ကင်မရာ တည်ဆောက်ထားပုံက ကြီးထွားပြီး ဖုန်းရဲ့ကျောဘက်ကနေ အပြင်ကို ငေါထွက်နေပါတယ်။ အရွယ်အစားကြီးမားတဲ့ Lens မပါဘဲနဲ့တောင် 808 PureView ဟာ အတော် လေးလံပါတယ်။ ၀.၅၅ လက်မအထူနဲ့ အလေးချိန်ကတော့ 165 g ရှိပါတယ်။ ကိုယ်ထည်ကို Polycarbonate နဲ့ ပြုလုပ်ဖွဲ့စည်းပေးထားတာကြောင့် ကျစ်လျစ်ခိုင်မာမှုကို ခံစားနိုင်ပါတယ်။
N8 ကိုတော့ အလူမီနီယမ် unibody မျိုး 808 PureView မှာ မတွေ့နိုင်ပေမယ့် တည်ဆောက်ထားပုံ သေသပ်လွန်းတာကြောင့် သတ္တုကိုယ်ထည်အလား ထင်မိနိုင်ပါတယ်။ လက်ထဲမှာ သက်သောင့်သက်သာ ကိုင်တွယ်အသုံးပြုနိုင်ပြီး touch တွေလည်း ကောင်းမွန်ပါတယ်။ 4.88 x 2.37 x 0.55 လက်မအရွယ်အစားနဲ့ 808 PureView ဟာ N8 ထက် အနည်းငယ် ပိုပြီးထူလာပါတယ်။ ဒါဟာ ကျောဘက်ကအခုံးကြောင့် မဟုတ်ဘဲ 18mm အနက်ရှိတဲ့ 808 PureView ရဲ့ ကင်မရာအပိုင်းက အထူဆုံးဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘက်မှာ ဗီဒီယို call အတွက် secondary ကင်မရာကို proximity, light sensors တို့နဲ့ တွဲဖက်တွေ့နိုင်ပါတယ်။
၎ လက်မအရွယ် AMOLED Display နဲ့ထွက်ရှိလာတဲ့ 808 PureView ကို ပွန်းပဲ့ခြစ်ရာဒဏ်တွေကနေ ကာကွယ်ပေးနိုင်တဲ့ Corning Gorilla Glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ဓာတ်ပုံတွေကြည့်ရှုနိုင်ဖို့ အကောင်းဆုံး screen ဖြစ်ပါတယ်။ Gorilla Glass ဟာ ပွန်းရာခြစ်ရာဒဏ်အပြင် မတော်တဆ ပြုတ်ကျတာမျိုးအတွက်ပါ ကာကွယ်ပေးနိုင်ပါတယ်။ PureView မှာ nHD screen resolution ပါဝင်ပြီး 360 x 640 pixels ဖြစ်ပါတယ်။ Nokia ClearBlack Display နည်းပညာကြောင့် နက်နဲမှုရှိတဲ့အရောင်တွေနဲ့ စိုစိုပြေပြေမျက်နှာပြင်မျိုးကို ခံစားမြင်တွေ့နိုင်ပါတယ်။ Dispaly ရဲ့ အောက်ဘက်မှာတော့ Nokia ရဲ့ Belle buttons တွေ့နိုင်ပြီး call နဲ့ Menu ဆောင်ရွက်ချက်တွေ ပြုလုပ်နိုင်ပါတယ်။ ညာဘက်မှာ volume နဲ့ ကင်မရာခလုတ်တို့ တပ်ဆင်ထားပြီး သတ္တုသားကြောင့် ဖိနှိပ်တဲ့အခါ အဆင်ပြေပါတယ်။
PureView နည်းပညာနဲ့ 41MP ကင်မရာ sensor ကို ကျောဘက်မှာ တွေ့နိုင်ပြီး ကြီးမားတဲ့ Xenon flash နဲ့ တွဲဖက်ထားတဲ့ ကင်မရာအခုံးလေးက သဘောကျစရာကောင်းပါတယ်။ Nokia ရဲ့ oversampling နည်းပညာဟာ 41MP ကင်မရာကို 3,5 ဒါမှမဟုတ် 8MP ပမာဏကို ပြောင်းလဲရိုက်ကူးပေးပါတယ်။ PureView setting ကနေ 5MP ကို default ထားနိုင်ပြီး 3MP, 8MP တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Resolution mode (၃) မျိုးအတွက် Loss-less zoom ပါဝင်ပါတယ်။ Symbian လို့ အရင်ကသိထားခဲ့တဲ့ Nokia Belle OS ကို 808 PureView မှာ ထည့်သွင်းထားပါတယ်။ Nokia Belle ဟာ သုံးစွဲလို့ ပိုမိုကောင်းမွန်လာပြီး Android Style desktops နဲ့ widgest, App Launcher တွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အတွက် အဓိကပြောင်းလဲသွားတာက 1.3GHz မြန်နှုန်းရှိ CPU ဖြစ်ပြီး မြန်နှုန်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။
* Battery Life *
ကျောဘက်အဖုံးကို ဖြုတ်/တပ်နိုင်ပြီး 1400mAh ဘက်ထရီဟာ စကားပြောချိန် ၆ နာရီနဲ့ stand-by အတွက် ၅၄၀ နာရီ အသုံးခံနိုင်ပါတယ်။ ဘက်ထရီကာဗာမှာ NFC chip ပြား ပါဝင်နေတာ တွေ့နိုင်ပါတယ်။
* Design *
Nokia N808 PureView ရဲ့ဒီဇိုင်းဟာ ပုံမှန် Nokia ဖုန်းတွေလို တောင့်တင်းတဲ့ကိုယ်ထည်နဲ့ ထွက်ရှိလာပါတယ်။ ကျောဘက်ရဲ့ကင်မရာ ထားရှိပုံကြောင့် ဒီဇိုင်းဆန်းသစ်မှုကို ခံစားတွေ့မြင်နိုင်ပြီး ပလတ်စတစ်နဲ့ပဲ တည်ဆောက်ပေးထားပါတယ်။ ကင်မရာခလုတ်ကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။
Processor
1.3GHz မြန်နှုန်းရှိ ARM 11 processor ကြောင့် 808 PureView ရဲ့ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာတာ အသုံးပြုနိုင်ပြီး 512MB RAM နဲ့ တွဲဖက်ထားပါတယ်။ ဂရပ်ဖစ်ကတော့ broadcom BCM2763 ပါဝင်ပါတယ်။
* Display and Camera *
၎.၀ လက်မအရွယ် AMOLED Display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေးဟာ 360 x 640 pixels ရှိပါတယ်။ ClearBlack display နည်းပညာနဲ့ pixel သိပ်သည်းဆ 184ppi ပါဝင်ပါတယ်။ ပင်မကင်မရာဟာ 41MP ဖြစ်ပြီး 38MP ထိ အမြင့်ဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ Xenon flash မီး သုံးနိုင်ပြီး full HD ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာ VGA အဆင့်ကင်မရာ ပါဝင်ပါတယ်။
* Verdict *
Nokia N808 PureView ဟာ တန်ဖိုးအရ မြင့်မားပေမယ့်လည်း ကောင်းမွန်တဲ့ကင်မရာ လုပ်ဆောင်ချက်တွေကြောင့် ထိုက်တန်ပါတယ်။ ဓာတ်ပုံသမားတစ်ယောက်အတွက် စမတ်ဖုန်းသုံးရင်း ကင်မရာကောင်းကောင်းလည်း ရရှိနိုင်သလို Belle OS ရဲ့ တိုးတက်ကောင်းမွန်လာတာကို သုံးကြည့်နိုင်ပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal