12/21/2015

♪ Samsung က 128GB Galaxy Note 5 Winter Edition ကို မိတ်ဆက် ♫


Samsung က ခရစ်စမတ်ရာသီအမှီ တောင်ကိုရီးယားတွင် 128GB Galaxy Note 5 Winter Edition ကို မိတ်ဆက်လိုက်ပါသည်။ တောင်ကိုရီးယား Carriers များဖြစ်သော SKT နှင့် KT တို့မှ ၀မ် ၉၉၉ ၉၀၀ ( ဒေါ်လာ ၈၅၀ ၀န်းကျင်) ဖြင့် ရောင်းချပေးမှာ ဖြစ်ပါသည်။ Gold Platinum နှင့် Sliver Titanium အရောင်များ ရွေးချယ်နိုင်ပါသည်။

Samsung က ယခုနှစ်တွင် ရောင်းချခဲ့သော စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများတွင် SD Card Slot ကို ဖယ်ရှားထားခဲ့ပါသည်။ Note 5 , S6 Edge+ တို့အပြင် ယခု 128GB Model တွင်လည်း SD Card Slot များကို ဖယ်ရှားထားပါသည်။ ထိုသို့ပြောင်းလဲမှုသည် Cloud ကို မမှီခိုချင်သူများနှင့် ဖုန်းတွင် Storage အပိုကို အလိုရှိသူများအတွက် စိတ်ပျက်စရာဖြစ်ပါသည်။

Samsung က တောင်ကိုရီးယားတွင် ခရစ်စမတ်ပွဲအတွက် ပရိုမိုးရှင်းများစွာကို ပြုလုပ်ပေးနေပါသည်။ Galaxy Note 5 ကို ၀ယ်ယူလျှင် ကြိုးမဲ့အားသွင်းစက်၊ Galasy S6 , S6 Edge+ တို့ကို ၀ယ်ယူလျှင် Gear VR ကို အခမဲ့ ပေးမည်ဖြစ်သည်။

Note 5 ၏ အဓိက Specification များကို ပြန်လည်ဖော်ပြရလျှင် ၅.၇ လက်မ Super AMOLED 1440x2560p Display တပ်ဆင်ထားပါသည်။ Quad-core 1.5 GHz Cortex-A53 & Quad-core 2.1 GHz Cortex-A57 တပ်ဆင်ထားသော Octa-Core Exynos Chipset မောင်းနှင်မည်ဖြစ်သည်။ 4GB RAM , 16MP Rear Camera, 5MP Front Camera , 3000mAh Battery တို့ တပ်ဆင်ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com