ကွန်ရက်များ
အဆင့်မြှင့်တင်နိုင်သည့် အထိမ်းအမှတ် အနေဖြင့် Ooredooသည် ၄င်းတို့၏
မိုဘိုင်းဖုန်းလိုင်း ၌ ငွေဖြည့်သွင်းပါက ဆတူအပိုငွေကို
ထပ်မံဖြည့်သွင်းပေးသွားမည်ဟု ယနေ့ကြေညာလိုက် သည်။
ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ငွေဖြည့်သွင်းသူများကို ဆတူအပိုငွေပေးအပ်ခြင်း ဖြစ် ပြီး ရရှိလာသည့် အပိုငွေကို ၁၅ ရက်အတွင်း အသုံးပြုရန် ကန့်သက်ထားသည်ဟု ကြေညာချက် အရ သိရသည်။
အပိုရရှိလာသည့် ငွေများမှ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် အင်တာနက် Package ဝယ်ယူခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။
“ကွန်ရက် ချဲ့ထွင်တာတွေကို ဆက်တိုက် ဆောင်ရွက်တာ အခုဆို အရှိန်ရနေပါပြီ၊ အဲဒီတော့ ကျွန်တော်တို့ရဲ့ အဆင်မြင့် အင်တာနက်ကို စမ်းသုံးကြည့်ပါ။ အတော်လေး မြန်တာကိုတွေ့ရမှာပါ”ဟု Ooredoo ၏ CEO ဖြစ်သူ Mr. Rene Mezaကပြောသည်။
Ooredoo ကွန်ရက်၌ အသုံးပြုသူ အရေအတွက် ၅ သန်းကျော်ရှိပြီး ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ တစ်နှစ်အတွင်း ဖုန်းခေါ်ဆိုမှု ၁၂ ဆနှင့် အင်တာနက်အသုံးပြုမှု ၁၈ ဆ တိုးတက်လာခဲ့သည်ဟု သိရသည်။

Credit to ==> Internet Journal