“ Lenovo A7000 “
Price » 189,000 Ks
Contact Phone » 01-385077 (Ext : 142) ( DCD )
* Specification *
» Network : 2G, 3G, 4G (Dual-SIM)
» Weight : 140 g
» Display : 5.5", IPS capacitive touchscreen
» Dimensions : 152.6 x 76.2 x 8 mm
» Memory : 8GB, 2GB RAM, microSD, up to 32GB
» Camera : 8 Megapixel, Front : 5MP, autofocus, dual-LED flash, Geo-tagging, touch focus, face detection
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Mediatek MT6752m CPU : Octa-core 1.5GHz Cortex-A53
» OS : Android OS, v5.0 (Lollipop)
စမတ်ဖုန်းတစ်လုံးကို ဖုန်းခေါ်ဆိုနိုင်ဖို့ တစ်ခုတည်းအတွက်မဟုတ်ဘဲ ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးနဲ့ အင်တာနက်အသုံးပြုခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်နဲ့ ဂိမ်းကစားတာတွေကို ပိုမိုအားသန်လာ တာကြောင့် စမတ်ဖုန်းတွေဟာလည်း ပိုပြီးအဆင့်မြင့်သထက် မြင့်လာပါတယ်။ ဒီလုပ်ဆောင်ချက်တွေ အတွက် high-end hardware တွေ မလိုအပ်ဘဲ Lenovo ဟာ ဈေးနှုန်းသက်သက်သာသာနဲ့ multimedia စမတ်ဖုန်းတွေကို ဈေးကွက်ကို ဖြန့်ချိခဲ့ပါတယ်။
Lenovo A7000 ဟာဆိုရင် ကုမ္ပဏီရဲ့ budget ဖုန်းတစ်လုံးဖြစ်ပေမယ့် အကောင်းဆုံး feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကြီးမားတဲ့မျက်နှာပြင်၊ အားကောင်းတဲ့ဘက်ထရီနဲ့ Processor တို့ဟာ A7000 ကို စမတ်ဖုန်းကောင်းကောင်းတစ်လုံးဖြစ်အောင် ပံ့ပိုးပေးထားပါတယ်။ ၅.၅ လက်မအရွယ် Phablet ဟာ သုံးလို့ကောင်းပြီး A7000 မှာ စိတ်ဝင်စားစရာကောင်းတာက Dolby Atmos ကို အသံပိုင်းအတွက် ထည့်သွင်းပေးထားတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်ပါတယ်။
Lenovo A7000 ရဲ့ဒီဇိုင်းဟာ A6000 နဲ့ ခွဲခြားလို့မရအောင် တူညီနေပြီး A7000 ကတော့ အရွယ် ပိုကြီးပါတယ်။ ဖုန်းရဲ့ကိုယ်ထည်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပေမယ့် ညာဘက်ခြမ်းမှာ တပ်ဆင် ထားတဲ့ ပါဝါနဲ့ အသံအတိုး/အလျှော့ ခလုတ်တို့ကိုတော့ သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ ဘေးထောင့်တွေ ကို ကွေးထားပြီး ပြောင်လက်ချောမွေ့နေတဲ့ ကျောပြင် ကို တွေ့နိုင်ပါတယ်။ ကျောဘက်ကာဗာကို အလွယ် တကူ ဖြုတ်/တပ်နိုင်သလို ဘက်ထရီကလည်း removable ဖြစ်ပါတယ်။ 8mm အထူနဲ့ A7000 ဟာ 140g အလေး ချိန်သာရှိတာမို့ ပေါ့ပါးပါတယ်။
ဖုန်းရဲ့အပေါ်ဘက်မှာ headphone နဲ့ micro USB အပေါက်တို့ကို တွေ့နိုင်ပြီး screen အောက်က capacitive buttons တွေကတော့ backlit မဟုတ်ပါဘူး။ Lenovo A7000 ကို အဖြူ၊ အနက်၊ အ၀ါရောင် (၃) မျိုး ရွေးချယ်နိုင် ပါတယ်။ ဒီဇိုင်းအပြင် ဖုန်းအတွင်းပိုင်း စွမ်းဆောင်ရည်အတွက် 1.5GHz မြန်နှုန်းရှိ Octa-core Mediatek MT6752m processor က ဆောင်ရွက်ပေးပြီး SoC မှာ Mali-T760MP2 ဂရပ်ဖစ် ပါဝင်ပါတယ်။
RAM ပမာဏက 2GB ဖြစ်ပြီး အတွင်းပိုင်းသိုလှောင်မှုပမာဏ 8GB ကို 32GB ထိ microSD ကတ်နဲ့ မြှင့်တင်နိုင်ပါတယ်။ Lenovo A7000 မှာ USB OTG ကို ပံ့ပိုးပေးနိုင်တဲ့စနစ် ပါဝင်ခြင်းမရှိဘဲ Dual-SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပါတယ်။ Lenovo A7000 ရဲ့ Display ဟာ အားသာချက်တစ်ခုဖြစ်ပြီး ၅.၅ လက်မ အရွယ် HD IPS Display ပါဝင်ပါတယ်။ မျက်နှာပြင် အကြမ်းဒဏ် ကာကွယ်ပေးနိုင်တဲ့ Gorilla Glass ကိုတော့ Lenovo က မသုံးစွဲပေးထားပါဘူး။ Resolution ဟာ 720 x 1280 pixels ရှိပါတယ်။ ဖုန်းမှာ Android OS 5.0 (Lollipop) run ထားပြီး Lenovo ရဲ့ Vibe UI 3.0 ကို အပေါ်ကနေ အုပ်ထားပါတယ်။
Dolby Atmos နည်းပညာ သုံးပေးထားတာမို့ Beat သံတွေကို ခံစားချင်ရင်တော့ headphones ကောင်းကောင်းတစ်ခု လိုအပ်ပါတယ်။ Lenovo A7000 ရဲ့ ဘက်ထရီသက်တမ်းကလည်း အံ့သြစရာ ကောင်းပြီး 2900mAh ဘက်ထရီဟာ တစ်နေ့တာသုံးစွဲမှုအတွက် ခံနိုင်ရည်ရှိပါတယ်။ အဓိကကင်မရာဟာ 8MP အရည်အသွေးရှိပြီး dual-LED flash ပါဝင်ပါတယ်။ HDR, Panorama, Live effects, Scene modes တွေ ရွေးချယ်ရိုက်ကူးနိုင်ပြီး full HD ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ Contrast, Saturation, Sharpness နဲ့ exposure တွေ ချိန်ညှိနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။
ရှေ့ဘက်ကင်မရာဟာ Selfie ရိုက်ကူးဖို့ အကောင်းမွန်ဆုံးဖြစ်ပြီး ဗီဒီယို call ပြုလုပ်ဖို့ဆိုရင်လည်း အဆင်ပြေပါတယ်။ Lenovo A7000 ဟာ 2G, 3G, 4G ကွန်ရက်တွေမှာ သုံးနိုင်ပြီး ၂၀၁၅၊ ဧပြီကမှ ထွက်ရှိထားတဲ့ဖုန်းလည်း ဖြစ်ပါတယ်။ A7000 ဟာ Quadrant benchmark မှာ ၁၄၇၁၄ နဲ့ AnTuTu မှာ ၃၀၁၅၉ မှတ် ရရှိထားတာမို့ အထင်ကြီးစရာရလဒ် ဖြစ်လာခဲ့ပါတယ်။
* Battery Life *
Lenovo A7000 မှာ Li-Po 2900mAh ဘက်ထရီ တပ်ဆင်ထားပြီး ကျောဘက် ဘက်ထရီဟာ ဖြုတ်/တပ်လို့ ရပါတယ်။ တစ်ခါအားသွင်းထားရုံနဲ့ ၁၂ နာရီလောက်ထိ ခံနိုင်ရည်ရှိပြီး 3G ကွန်ရက်မှာဆိုရင် ၁၆ နာရီလောက် စကားပြောနိုင်ပါတယ်။
* Design *
Lenovo A6000 ရဲ့ဒီဇိုင်းအတိုင်း တူညီနေပြီး A7000 ကတော့ ပိုမိုကြီးမားပါတယ်။ ပလတ်စတစ် ကိုယ်ထည်ကြောင့် ဖုန်းတစ်ခုလုံး ပေါ့ပါးနေပြီး Lenovo brand ကို ကျောပြင်မှာ တွေ့နိုင်ပါ တယ်။ ကျောပြင်က ပါးလွှာနေပြီး အနည်းငယ်ကွေးထားတဲ့ ဘေးထောင့်တွေကြောင့် အလှပဆုံးဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်။
* Processor *
စွမ်းဆောင်ရည်အတွက် ယုံကြည်စိတ်ချရတဲ့ Mediatek MT6752m 1.5GHz မြန်နှုန်းရှိ processor ကို ထည့်သွင်းထားပြီး RAM 2GB ပါဝင်ပါတယ်။ အဆင့်မြင့်ဂိမ်းတွေကို မျက်နှာပြင်ခပ်ကြီးကြီးမှာ ခံစားနိုင်အောင် ဂရပ်ဖစ် Mali-T760MP2 သုံးထားပါတယ်။
* Display and Camera *
၅.၅ လက်မအရွယ် Display ဟာ 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးနိုင်ပြီး pixel သိပ်သည်းဆကတော့ 267ppi ရှိပါတယ်။ အဓိကကင်မရာ 8MP နဲ့ ရှေ့ဘက်မှာ 5MP ကင်မရာတို့ကို အသုံးချနိုင်ပါတယ်။ Dual-LED flash ကို လိုအပ်တဲ့အခါ သုံးနိုင်ပြီး full HD ဗီဒီယိုတွေ ရိုက်နိုင်ပါတယ်။
* Verdict *
Lenovo A7000 ဟာ ဘက်စုံသုံးနိုင်တဲ့ စမတ်ဖုန်းအကောင်းစားတစ်ခုဖြစ်ပြီး တန်ဖိုးအရလည်း သက်သက်သာသာနဲ့ ၀ယ်ယူနိုင်ပါတယ်။ လစ်လပ်နေတဲ့ စွမ်းဆောင်ချက်တွေရှိနေတာ တွေ့ရပေမယ့် လည်း သူ့ဈေးနှုန်းနဲ့ ယှဉ်ကြည့်ရင်တော့ ရွေးချယ်မှု မှန်ကန်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ၀ယ်ယူရရှိနိုင် တဲ့ ဆိုင်တွေရဲ့ ဖုန်းနံပါတ်ကိုပါ တစ်ပါတည်း ဖော်ပြပေးထားပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal