ဂျပန်ကုမ္ပဏီဖြစ်သည့် Kyocera သည် ဆပ်ပြာဖြင့် ဆေးကြော သန့်စင်နိုင်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
Kyocera မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ အဆိုအရ ၎င်းဖုန်းကို Digno Rafre ဟုခေါ်ဆိုပြီး ၎င်းသည် ဆပ်ပြာမြှုပ်ရည်ဖြင့် ဆေးကြောနိုင်သော ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းဖြစ်ကြောင်း သိရသည်။
Digno Rafre ကို ဂျပန်မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ KDDI တွင် လာမည့်ရက်သတ္တပတ်၌ ဒေါ်လာ ၄၆၀ ဖြင့် ရောင်းချမည် ဖြစ်ကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါဖုန်းကို ဆပ်ပြာခဲဖြင့် ဆေးကြောသန့်စင်ခြင်း မပြုသင့်ဘဲ ဆပ်ပြာမြှုပ်ရည်ဖြင့်သာ ဆေးကြောသင့်ကြောင်း Kyocera မှ ပြောကြားသည်။
Digno Rafre စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင်သာ ရောင်းချမည် ဖြစ်သည်။
Ref: FoxNews
Credit internetjournal
သီဟထိုက်

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။