12/12/2015

♪ “KENBO Dream One (B18)” ♫


Aircraft Grade Aluminium ကိုယ်ထည်ကို အသုံးပြုထားတဲ့ KENBO B18 ရဲ့ ပုံစံကသေသပ် လှပတဲ့အပြင် ပေါ့ပါးကာကျစ်လျစ်မှုတွေက ဆန်းသစ်တဲ့ အမြင်ကိုရရှိစေမှာပါ။ ကိုယ်ထည် အထူမှာ 5.1mm သာရှိတဲ့အတွက် အပါးလွှာဆုံး ဖုန်းအမျိုးအစားလို့ပင် ပြောလို့ရနိုင်ပါတယ်။

ကျစ်လျစ် မာကျောတဲ့ ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့အတွက် ကြမ်းတမ်းမှုဒဏ်ခံနိုင်တဲ့ အပြင် ဘက်ထရီက 2000mAh သာပါဝင်ပေမယ့် တစ်နေ့လုံးဓာတ်ပုံရိုက်ကူး မှု ကိုကောင်းစွာပြုလုပ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ လေးထောင့်ဆန်ဆန်ပုံစံနဲ့ ကိုယ်ထည်တစ်ခုလုံးရဲ့ ဘေးပတ်လည်ဘောင်တွေကို Aircraft Grade Aluminium နဲ့ပြုလုပ်ပေးထားတဲ့အပြင် ကွေးခေါက်နိုင်တဲ့ Gorilla Glass 3 ကိုယ်ထည်နဲ့ AMOLED မျက်နှာပြင်ကို အချိုးအစားကျ လှပအောင် ပေါင်းစပ် ဖန်တီးပေးထားပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၄ ဒဿမ ၈ လက်မ အကျယ်ရှိတဲ့အပြင် အလျား 141.9mm ၊ အနံ 68.1mm ရှိပါတယ်။ ကိုယ်ထည်အထူ မှာ 5.1mm သာရှိတဲ့အတွက် အပါးလွှာဆုံးနဲ့ ကိုင်ဆောင် ရာမှာ သက်သောင့် သက်သာရှိစေမယ့် ဖုန်းအမျိုးအစားတစ်ခုဆိုတာ သိနိုင်ပါတယ်။

ဖုန်းမျက်နှာပြင်အပေါ်ဘက်မှာအရည်အသွေး ကောင်းမွန်တဲ့ 5MP ကင်မရာ နဲ့ အနောက်ဘက်မှာ 8MP ကင်မရာတပ်ဆင်ပေးထားပါတယ်။ ထောင့်ဖြတ် အကျယ် 4.8" ရှိတဲ့ HD AMOLED မျက်နှာပြင် အမျိုးအစားကို အသုံးပြုထား တဲ့အပြင် ရုပ်ထွက် HD 1280 x720pixel အထိရရှိမှာဖြစ်ပါတယ်။ ထည့်သွင်းပေးထားတဲ့ ဘက်ထရီရဲ့စွမ်းရည်ကြောင့် 2G ကွန်ရက်မှာ ၁၁နာရီ၊ 3G ကွန်ရက်မှာ ၁၅ နာရီဝန်းကျင် ဖုန်းဆက်တိုက်ပြောဆိုနိုင် ပါလိမ့်မယ်။ RAM ပမာဏကို 2GB ထည့်သွင်းပေး ထားပါတယ်။ မြန်မာ ဘာသာ အပါအ၀င် ဘာသာစကား အမျိုးအစားပေါင်း (၂၀)ခန့်ကို Keyboard အဖြစ် အသုံးပြုနိုင်ရန်ဖန်တီးပေးထားပါတယ်။


<Specification>
Network - 2G, 3G, 4G
Screen - 4.8 inches
Memory - 16GB
Bluetooth - Yes
OS - Android OS, v5.0
Camera - 8 MP
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com