12/14/2015

iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း

တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းသည် ၉ မီလီမီတာအထူရှိပြီး အကျယ် ၇၇ မီလီမီတာ၊ အမြင့် ၁၄၃ မီလီမီတာဖြစ်ကာ အလေးချိန်က ၁၈၄ ဂရမ်ဖြစ်သည်။

၎င်းတွင် ပါဝင်သည့် 10,000mAh ဘက်ထရီသည် စမတ်ဖုန်းအားသွင်းရန်အတွက် သယ်ဆောင်အသုံးပြုနေကြသော external portable USB charger များတွင် ပါဝင်သည့် ဘက်ထရီထက် ပိုမိုကြီးမားသည်။ Quick-Charge ကို ထောက်ပံ့ပေးထားသောကြောင့် ၀ မှ ၁၀၀ ရာခိုင်နှုန်းကို အားသွင်းရန် အချိန် ၃.၅ နာရီကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အခြားသော ထုတ်ကုန်များကိုပါ အားသွင်းပေးနိုင်ပြီး power-out feature ဖြင့် iPhone 6S သုံးလုံးကို အားအပြည့်သွင်းပေးနိုင်သည်။

Oukitel K10000 စမတ်ဖုန်းကို အရွယ်ကြီးမားသည့် ဘက်ထရီအပြင် ၅.၅ လက်မ 720p screen, 1GHz quad-core MediaTek processor, 2GB RAM နှင့် 8MP ကင်မရာတို့ဖြင့် အသုံးပြုနိုင်သည်။ Operating System က Android 5.1 Lollipop ဖြစ်ပြီး 4G LTE နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။
၎င်းစမတ်ဖုန်းကို Gearbest တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။

Ref: 9to5Google
Credit internetjournal 
သီဟထိုက် My Page

 




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download