12/02/2015

♪ ၄ လက်မ iPhone 6c ကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ရောင်းချဖွယ်ရှိ ♫


ပလတ်စတစ်ကိုယ်ထည်နှင့် ပြုလုပ်ထားသော ဈေးသက်သာသည့် Apple iPhone သည် iPhone 6/6s/Plus ၏ ရောင်းအားနှင့် နှိုင်းယှဉ်ရာတွင် စိတ်ပျက်ဖွယ်ရာ အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ၎င်း၏ခြေရာကို ဆက်ခံမည့် iPhone 6c ကို လာမည့်နှစ် အစောပိုင်းတွင် တွေ့မြင်ရဖွယ် ရှိကြောင်း ကောလာဟလ သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

Foxconn ရှိ သတင်းရင်းမြစ်များ၏ အဆိုအရ iPhone 6c ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် တွေ့မြင်ရ ဖွယ်ရှိကြောင်း သိရသည်။

တရုတ်နည်းပညာသတင်းဆိုက် TechWeb ကမူ iPhone 6c ကို လာမည့်နှစ် အစောပိုင်းတွင် အရောင်အသွေးစုံလွင်စွာဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ၎င်းတွင် ယခင် ပလတ်စတစ် ကျောဘက်ဒီဇိုင်းအစား အလူမီနီယံကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

၎င်းကို ၄ လက်မအရွယ်အစားဖြင့် ရရှိနိုင်မည် ဖြစ်ပြီး Touch ID ပါဝင်သော်လည်း 3D Touch ကိုမူ အသုံးပြုနိုင်မည်မဟုတ်ကြောင်းနှင့် iPhone 6c ကို အမေရိကန်တွင် ဒေါ်လာ ၄၀၀ မှ ၅၀၀ အကြား ရောင်းချရန် Apple မှ ရည်ရွယ်ထားကြောင်း ဆိုသည်။ ယခင် iPhone 5c လက်လီရောင်းဈေးမှာ ၅၄၉ ဒေါ်လာဖြစ်သည်။

Ref: CultOfMac
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com