
Beta version များစွာကို developers များနှင့် စမ်းသပ်သုံးစွဲလိုသူများအား သုံးစွဲခွင့်ပေးခဲ့ပြီးနောက် ယခုအခါ iOS 9.2 အား တရားဝင်ထုတ်ဝေပေးခဲ့ပြီဖြစ်သည်။
iPhone, iPad, iPod touch တို့အားလုံးတွင် သုံးစွဲနိုင် မည်ဖြစ်ကာ 300 MB
အရွယ်အစားခန့်ရှိပြီး device ပေါ် မူတည်၍ အနည်းငယ် ကွဲပြားသွားနိုင်သည်။
iOS 9.2 တွင် bug Fixes များစွာပါဝင်ရာ အမြန်ဆုံး update ပြုလုပ်သင့်သည်ဟု သိရသည်။ Apple Music , News , Mail , iBook တို့အား ပြင်ဆင်ပေးခဲ့ပြီး Apple music သည် playlist အသစ်များကို ဖန်တီးနိုင်ပြီဖြစ်သည်။ News အတွက် US, UK နှင့် သြစတြေးလျတို့တွင် Top Stroies ကဏ္ဍအားမြင်နိုင်ပြီး အရေးအကြီးဆုံး သတင်းများကို ပြသပေးသွားမည်ဖြစ်သည်။ iBooks သည် ယခုအခါ SD Touch ကို ထောက်ပံ့ပေးလာပြီဖြစ်ပြီး search အတွက် ပိုမိုလွယ်ကူလာခဲ့သည်။ Apple သည် မတ်လတွင် event ပြုလုပ်သွားရန်ရှိကြောင်းလည်း
သိရပြီး ထိုပွဲတွင် Apple Watch မျိုးဆက်သစ်နှင့် ၄ လက်မအရွယ် iPhone 6 C
အား ပြသသွားလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
iPhone 6 တွင် 4.7" ဖြစ်သွားသဖြင့် လူအများစုမှ နှစ်သက်သော်လည်း 4" screen သည် လက်တစ်ဖက်ထဲနှင့် သုံးစွဲရလွယ်ကူသဖြင့် နှစ်သက်သူများရှိနေဆဲဖြစ်သည်။
Apple သာ ၂၀၁၆ တွင် 4" screen ဖြင့် ဖုန်းကို အောင်အောင်မြင်မြင်
ထုတ်လုပ်နိုင်ခဲ့ပါက ဖုန်းများ၏အရွယ်အစား ပြန်၍ သေးလာဖွယ် ရှိသည်ဟုယူဆကြသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
iOS 9.2 တွင် bug Fixes များစွာပါဝင်ရာ အမြန်ဆုံး update ပြုလုပ်သင့်သည်ဟု သိရသည်။ Apple Music , News , Mail , iBook တို့အား ပြင်ဆင်ပေးခဲ့ပြီး Apple music သည် playlist အသစ်များကို ဖန်တီးနိုင်ပြီဖြစ်သည်။ News အတွက် US, UK နှင့် သြစတြေးလျတို့တွင် Top Stroies ကဏ္ဍအားမြင်နိုင်ပြီး အရေးအကြီးဆုံး သတင်းများကို ပြသပေးသွားမည်ဖြစ်သည်။ iBooks သည် ယခုအခါ SD Touch ကို ထောက်ပံ့ပေးလာပြီဖြစ်ပြီး search အတွက် ပိုမိုလွယ်ကူလာခဲ့သည်။ Apple သည် မတ်လတွင် event ပြုလုပ်သွားရန်ရှိကြောင်းလည
iPhone 6 တွင် 4.7" ဖြစ်သွားသဖြင့် လူအများစုမှ နှစ်သက်သော်လည်း 4" screen သည် လက်တစ်ဖက်ထဲနှင့် သုံးစွဲရလွယ်ကူသဖြင့် နှစ်သက်သူများရှိနေဆဲဖြစ်သည
NetGuide Journal (Every Wednesday)
https://www.facebook.com/