
အော်ဒီဒူးမြန်မာမှ ဒီဇင်ဘာလ ၄ ရက်မှ စတင်ပြီး
ဖုန်းငွေဖြည့်သွင်းပါက အပိုလက်ဆောင် ဖုန်းငွေများ ပေးအပ်မည့်
အစီစဉ်တစ်ခုအား ပြုလုပ်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။ အဆိုပါ
ဖုန်းအပိုလက်ဆောင်များမှ ၁,၀၀၀ ကျပ်ဖြည့်သွင်းပါက ၂၀၀ ကျပ် အပိုလက်ဆောင်၊
၃,၀၀၀ ကျပ်ဖြည့်သွင်းပါက ၁,၀၀၀ ကျပ် အပိုလက်ဆောင်၊ ၅,၀၀၀ ကျပ်ဖြည့်သွင်းပါက
၂,၀၀၀ ကျပ် အပိုလက်ဆောင်၊ ၁၀,၀၀၀
ကျပ်ဖြည့်သွင်းပါက ၅,၀၀၀ ကျပ် အပိုလက်ဆောင်နဲ့၊ ၂၀,၀၀၀ ကျပ်အထိ
ဖြည့်သွင်းပါက ၂၀,၀၀၀ ကျပ် အပိုလက်ဆောင် ရရှိမည်ဖြစ်သည်။
ယခုပြုလုပ်လိုက်သော အစီစဉ်သည် ဒီဇင်ဘာ ၄ ရက်မှ ၃၁ ရက်အတွင်း
ကြိုတင်ငွေဖြည့် စနစ်နှင့်ဖြင့်စေ၊ E- Top Up စနစ်ဖြင့်ဖြစ်စေ
အပိုလက်ဆောင်များရမည်ဖြစ်သည်။ “ကွန်ရက် ချဲ့ထွင်တာတွေကို ဆက်တိုက်
ဆောင်ရွက်တာ အခုဆို အရှိန်ရနေပါပြီ၊ အဲဒီတော့ ကျွန်တော်တို့ရဲ့ အဆင်မြင့်
အင်တာနက်ကို စမ်းသုံးကြည့်ပါ။ အတော်လေး မြန်တာကိုတွေ့ရမှာပါ”ဟု
အော်ဒီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rene Mezaမှ ပြောကြားသည်။ ၄င်းရရှိထားသော
အပိုလက်ဆောင် ဖုန်းငွေများသည် ပြည်တွင်းဖုန်းခေါ်ဆိုခြင်း၊
စာတိုပေးပို့ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့ပြုလုပ်မည်ဆိုပါက
ငွေဖြည့်ပြီး ၁၅ ရက်အတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော်
ယင်းအပိုလက်ဆောင် ဖုန်းငွေများဖြင့် Internet Package များ ၀ယ်ယူမည်ဆိုပါက
တစ်လအထိ သက်တမ်းရှိကြောင်းသိရသည်။
အော်ဒီဒူးမြန်မာသည် လက်ရှိအချိန်တွင် ၄င်းတို့ ကွန်ရက်အား အသုံးပြုသူ ၅ သန်းကျော်ရှိနေပြီဖြစ်သည်။
အော်ဒီဒူးမြန်မာသည် လက်ရှိအချိန်တွင် ၄င်းတို့ ကွန်ရက်အား အသုံးပြုသူ ၅ သန်းကျော်ရှိနေပြီဖြစ်သည်။