12/17/2015

♪ ဈေးကွက်ထဲတွင် Huawei မှ တရားဝင် တင်သွင်းထားခြင်း မရှိသည့် ဟန်းဆက်များ တွေ့ရ ♫


ဈေးကွက်ထဲတွင် Huawei မှ တရားဝင် တင်သွင်းထားခြင်းမရှိသော ဟန်းဆက်များ ဝင်ရောက်လျက်ရှိကြောင်း Huawei မှ ထုတ်ပြန်ထားသည်။ အဆိုပါ ဟန်းဆက်များမှာ Honor 4A, Honor5X, Honor 4C, Honor 7, Honor 7i နှင့် Honor Enjoy 5S တို့ ဖြစ်သည်။ အဆိုပါ ဟန်းဆက်များအား ဝယ်ယူသူများအနေဖြင့် ပစ္စည်းတစုံတရာ ဖြစ်ပါက Huawei မှ ပေးထားသော တစ်နှစ် Warranty ရရှိမည်မဟုတ်ဘဲ ပြင်ဆင်ခြင်း အတွက် အပိုပစ္စည်းများမှာ Original မဟုတ်သည့်အတွက် အရည်အသွေးကောင်းမွန်မှု မရှိကြောင်း Huawei မှ ထုတ်ပြန်ထားသည်။

Battery မှာလည်း Original မဟုတ်သည့်အတွက် ကြာရှည်စွာ အသုံးမခံနိုင်ကြောင်းလည်းသိရသည်။ Huawei Smart Phone ၀ယ်ယူသော Customer များအနေဖြင့် Huawei Original ပစ္စည်းမှန်ကန်ပါက စမတ်ဖုန်းဘူးခွံပေါ်တွင် warranty logo ပါဝင်ပြီး မြန်မာနိုင်ငံသို့ တရားဝင် တင်သွင်းသော လက်ကိုင်ဖုန်းများ၏ ဘူးခွံပေါ်တွင် တရုတ်စာလုံးများ ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ မိမိတို့ ၏ Huawei ဖုန်းများမှာ တရားဝင်တင်သွင်းထားသော ဟန်းဆက်များ ဟုတ်မဟုတ် စစ်ဆေးနိုင်မည်ဖြစ်ပြီးHuawei ၏အာမခံစစ်ဆေးသော လင့်ခ် http://consumer.huawei.com/…/suppo…/warranty-query/index.htm ကိုသုံး၍သော်လည်းကောင်း၊ Wechat/viber တို့မှတဆင့် QR code ကို scan ဖတ်၍ မိမိဖုန်း၏ အာမခံသက်တမ်းကာလကို စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်သည်။

ထို့ အပြင် စမတ်ဖုန်းဘူးခွံပေါ်တွင် ကပ်ထားသော IMEI/SN/MEID စသောနံပါတ်များသည် စမတ်ဖုန်း၏ IMEI/SN/MEID စသော နံပါတ်များနှင့် ကိုက်ညီမှု ရှိရမည်ဖြစ်ကာ *#06# ကိုရိုက်နှိပ်၍ မိမိလက်ကိုင်ဖုန်း၏ IMEI/SN/MEID နံပါတ်များကို စစ်ဆေးနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းဘူးအတွင်းတွင်လည်း Huawei ၏ တရားဝင် အာမခံကတ်ပြားပါဝင်မည်ဖြစ်သည်။ အဆိုပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်များကို သိရှိလိုပါက Huawei Hotline နံပါတ် ၀၁-၉၀၀၀၉၀၀ သို့ ဆက်သွယ် မေးမြန်နိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com