12/07/2015

♪ “မြန်ဆန်သွက်လက်တဲ့လုပ်ဆောင်နိုင်စွမ်းအတွက် Huawei G7 Plus” ♫


Huaweiသည်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကိုနိုင်ငံပေါင်း၁၇၀ ကျော်တွင်ပံ့ပိုးပေးလျက်ရှိပြီးကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကိုဝန်ဆောင်မှုပေးနေခြင်းဖြစ်ပါသည်။ Huawei သည်၂၀၁၄ခုနှစ်တွင် ကမ္ဘာ့တတိယစမတ်ဖုန်း တင်ပို့မှု အများဆုံး ကုမ္ပဏီအဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်အစရှိသည့်နိုင်ငံများတွင်သုတေသနစင်တာ (R&D)၁၆ခုကိုထားရှိထားပြီး အရည်အသွေးကောင်းမွန်သောထုတ်ကုန်များ ကိုထုတ်လုပ်လျက်ရှိသည်။ Huawei Consumer BG သည်Huawei ၏လုပ်ငန်း စုကြီး (၃)ခုမှတစ်ခုဖြစ်ပြီးစမတ်ဖုန်း၊ Mobile broadband devices, home devices နှင့်Cloud services များကိုရောင်းချလျက်ရှိသည်။

Huawei သည် တယ်လီကွန်းလုပ်ငန်းတွင်နှစ်ပေါင်း၂၀ ကျော်အတွေ့အကြုံဖြင့် တစ်ကမ္ဘာ လုံးကိုဝန်ဆောင်မှုပေးခြင်းနှင့်ကမ္ဘာတစ်ဝန်းရှိသုံးစွဲသူများထံသို့ နောက်ဆုံး ပေါ်နည်းပညာများပံ့ပိုးပေးလျက် ရှိသည်။အခုလည်းHuawei ဟာသုံးစွဲသူ တွေအတွက် နောက်ဆုံးပေါ်ဖုန်းတစ်လုံးကို ပြည်တွင်းဈေးကွက်ကို ယူဆောင်လာခဲ့ပါပြီ။IFA 2015 တွင်ထုတ်ဖော်ပြသခဲ့သည့်Huawei G7 Plus သည်တပ်မက် ဖွယ်ကြော့ရှင်းလှပသည့်အပြင် နည်းပညာမြှင့်တင်ထားသည့်ထိတွေ့နိုင်စွမ်းကိုပါ ရရှိနိုင်မည့်စွမ်းအားမြင့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ဒီဇိုင်းနှင့်လှပသော အမှတ်တရများကိုမှတ်တမ်းတင် ထားပေးနိုင် မည့် ကောင်းမွန်လှသောကင်မရာတို့ကလည်းတပ်မက်ဖွယ်စမတ်ဖုန်းတစ်လုံး အဖြစ် ထောက်ပံ့ပေးနေပါသည်။Huawei G7 Plus သည် G series များထဲကflagship စမတ်ဖုန်း တစ်လုံးဖြစ်ပြီးအခြားနိုင်ငံများတွင်GB အဖြစ် ခေါ်ဆိုကြသည်။

Huawei G7 Plus တွင် ပြောင်မြောက်တောက်ပလှသောဟန်းဆက်အဖြစ်သို့ ပံ့ပိုးပေး နိုင်သည့် အဆင့်မြင့်မိုဘိုင်းနည်းပညာတို့အပြင် ဆန်းသစ်ထားသည့်ဖန်တီးမှုတို့ ပါထည့်သွင်းပေးထားပါသည်။ Huawei G7 Plus ကို၂၀၁၅ခုနှစ် အောက်တိုဘာလလဆန်းပိုင်းမှစတင်၍Huawei Brand Shop နှင့်ဖုန်းဆိုင် များတွင်ဝယ်ယူရရှိနိုင်တော့မည်ဖြစ်ပါသည်။Space Grey, Mystic Champagne, Horizontal Gold စသည့်အရောင်၃ ရောင်ထဲမှ ကြိုက် နှစ်သက်ရာကိုဝယ်ယူရရှိနိုင်မည်ဖြစ် သည်။တီထွင်ကြံဆ မှု ကောင်းကောင်း ဖြင့် ဖန်တီးထားသောHuawei G7 Plus တွင်အသုံးပြုရလွယ်ကူပြီး တစ်ချက် တည်းထိတွေ့ရုံနဲ့အလုပ်လုပ်နိုင်မည့်Fingerprint ကိုထည့်သွင်း ပေးထား ပါသည်။ ထို Fingerprint ကို ခြောက်သွေ့နေသည့် လက်အပြင် ရေစိုနေသည့် လက်ဖြင့်ပါအသုံးပြုနိုင်မည်ဖြစ် ပြီးဖုန်းကိုလော့ခ်ဖြုတ်ရန်အတွက်ဝ.၅စက္ကန့်သာကြာမြင့်မည်ဖြစ်ပါသည်။ Huawei G7 Plus ၏Fingerprint ကိုအရင်Mate 7 ထက်အဆင့်မြှင့်တင်ထားပြီးတိကျမှု၉၄% Mate 7 ထက်နှစ်ဆရရှိ မည်ဖြစ်ပါ သည်။မှတ်ထားသောလက်ဗွေရာကိုတိကျစွာမှတ်သားထားပေး နိုင်သည့်အပြင်လက်ဗွေအနည်းငယ် တိမ်းစောင်းမှုကိုပါလက်ခံပေးနိုင်မည် ဖြစ်သည်။သုံးစွဲသူများအနေဖြင့်Fringerprintကိုအပေါ်အောက်လက် လှုပ်ရှားရုံဖြင့်ဖုန်းကိုလော့ခ်ဖွင့်စရာမလိုဘဲNotification များကိုကြည့်ရှုနိုင်မည်ဖြစ် သည်။

ထို့အပြင်လက်တစ်ဖက်တည်းဖြင့် Fingerprint ကိုအသုံးပြုပြီး ဖုန်းဖြေဆို နိုင်ခြင်း၊ ဓာတ်ပုံရိုက်နိုင်ခြင်း၊ Alarm ပိတ်နိုင်ခြင်းများကိုပြုလုပ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏ကိုယ်ပိုင်အချက်အလက်များကိုလုံခြုံစွာ သိမ်းဆည်း နိုင်ရေးအတွက်TEE လုံခြုံရေးစနစ်နှင့်Fingerprint ကိုသီးသန့်Chipset တစ်ခု တွင်သိမ်းဆည်း ထားပေးပါတယ်။Huawei G7 Plus တွင်၅.၅ လက်မ 1920×1080 Full HD မျက်နှာပြင်နှင့် မျက်နှာပြင်၊ကိုယ်ထည်အချိုး(Screen-to-body ratio)၇၆% ပါဝင်ပါသည်။G7 Plus ၏မျက်နှာပြင်သည် အခြားFull HD ပါဝင်သောစမတ်ဖုန်းများ၏မျက်နှာပြင်များထက်၈၅% အရောင် ပိုမိုစိုခြင်း၊ တောက်ပခြင်း၊ သဘာဝကျသောအရောင်ကိုပိုမိုထောက်ပံ့ပေး နိုင်ခြင်းတို့အပြင်အနီရောင်နှင့် အစိမ်းရောင်တို့ကို ပိုမိုတောက်ပအောင်စွမ်း ဆောင်ပေးနိုင်မည်ဖြစ်သည်။သာလွန်ကောင်းမွန်သော မြင်ကွင်း များ ရရှိနိုင်ရန် အတွက်အစင်းရာများဖြစ်ပေါ်ခြင်းကိုကာကွယ်ပေးနိုင်ပြီး ကောင်းမွန်သောဓာတ်ပုံအရည်အသွေးများ ရရှိအောင် ထောက်ပံ့ပေးနိုင် သောနီလာဖြင့်ပြုလုပ်ထားသည့်မှန်ဘီလူးကင်မရာတို့ထည့်သွင်းဖန်တီးထား သည်။ ကောင်းမွန်သောအသံစနစ်ရရှိစေရန်စပီကာ၆လုံးကိုဖုန်း၏ အနောက်ဘက်ထက် အောက်ခြေတွင် စနစ်တကျထည့်သွင်းထားသည်။

ဤသို့စပီကာကိုဖုန်းအောက်ခြေတွင် ထည့်သွင်းပေးထားခြင်းဖြင့်ဖုန်းကို အလျားလိုက်ချထားသော်လည်း တုန်ခါခြင်းမရှိဘဲကောင်းမွန်သောအသံစနစ်ကို ရရှိမည်ဖြစ်သည်။အင်ဂျင်နီယာများက ၉၀% သတ္တု ကိုယ်ထည်၊ခိုင်မာ တောင့်တင်းသောကိုယ်ထည်တို့ဖြင့်ဖန်တီးထားသည်။ဖုန်း၏အပြင်ဘက် အခွံကိုသိမ်မွေ့ စွာတည်ဆောက်ထားသောအဖုံးရရှိစေရန်အတွက်အကောင်းဆုံးသဲမှုန်လေးများ၊ ကြွေထည်လေးများဖြင့် အဆင့်ဆင့်လုပ်ဆောင်ဖန်တီး ထားသည်။

Huawei G7 Plus ၏လှပသောဒီဇိုင်းတစ်ခုဖြစ်လာစေရန်အတွက်ထုတ်လုပ်မှု ကြာချိန် (၃၈၉) မိနစ်၊ ထုတ်လုပ်မှုအဆင့်ပေါင်း (၁၃၃) ဆင့်နှင့်အနားသတ် များကိုကွန်ပျူတာဖြင့်အနုစိတ်ပုံဖော်ခြင်းကိုအကြိမ် (၈၀၀၀၀) တိတိဖြင့် အနုစိတ်ဖန်တီးထားခြင်းဖြစ်ပါသည်။G7 plus တွင် ပရော်ဖက်ရှင်နယ် ဒစ်ဂျစ်တယ်SLRs ကင်မရာများတွင်သာ တွေ့ရလေ့ရှိသည့် ကင်မရာ တစ်လုံး အဖြစ်shutter speed f2.0, လက်တုန်ခါမှုကိုထိန်းချုပ်နိုင်ပြီးRGBW ထောက်ပံ့ပေးထားသည့်28mm အကျယ်BSI မှန်ဘီလူးကို တပ်ဆင်ထား သော13MP အနောက်ကင်မရာဖြင့်ဖန်တီးထားပါသည်။အလင်းအား နည်း(low-light)၊အလင်းအားများ(high-light)နှင့်အလင်းကွဲလွဲချက်များ (high-contrast)စသည့် အခြေအနေများတွင် ရိုက်ကူးသော်လည်း ကြည်လင်ပြီး ရွှန်းလဲ့သောဓာတ်ပုံများရရှိစေရန်Huawei G7 Plus မှ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။Huawei G7 Plus ၏RGBW Sensor ကအလင်းကွဲလွဲ ချက်များနေသည့်အခြေအနေ(high-contrast)တွင် တောက်ပမှု၃၂% ပေးနိုင်ပြီဖြစ်ပြီး အလင်းအားနည်းနေ သည့် အခြေ အနေ(low-light)တွင်၇၈% တိုးမြှင့် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။


1.2 degreeပုံရိပ်ငြိမ်သက်စေမှု နည်းပညာကဓာတ်ပုံရိုက်သည့်အခါတွင် လက်မငြိမ် သက်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် ပုံရိပ်ေ၀၀ါးမှုများကိုဖယ်ရှား နိုင်ပြီးအရည်အသွေးမြင့်ပုံရိပ်များ ရရှိနိုင် မည်ဖြစ်ပါသည်။ G7 Plus တွင် makeup effects နှင့်အသားအရေအရော င်ညှိနိုင်ခြင်း၊ ပြုပြင်နိုင်ခြင်း များ ကြောင့်မိတ်ကပ်လိမ်းစရာမလိုဘဲသဘာဝ ဆန်စွာလှပသောပုံထွက်များရရှိ နိုင်မည်ဖြစ်ပါသည်။

ထို့ပြင်Huawei G7 Plus ၏Perfect Selfie ကမိမိပုံကိုမှတ်သားထားပေးနိုင် မည်ဖြစ်ပြီး beautifying effects ကအလိုအလျောက် ပြုပြင်ပေးမည်ဖြစ်ပါ သည်။အလင်းရောင်အားနည်းနေသည့် အချိန်တွင်ဖြစ်စေ၊ မိမိရိုက်ယူလိုသောပစ္စည်းသည်အရောင်မှေးမှိန်နေ သည့်အချိန်တွင်ဖြစ်စေနောက်ခံ Background အရောင်မှေးမှိန်နေသည့်အချိန်တွင်ဖြစ်စေ ဓာတ်ပုံ ရိုက်ယူ သည့်အခါအလင်းရောင်အလိုအလျောက်ညှိ၍ ပုံပေါင်းများစွာရိုက်ယူထားပြီးအကောင်းဆုံးပုံတစ်ပုံကိုထုတ်ပေး မည်ဖြစ်သည်။Huawei G7 Plus တွင် သိပ်သည်းဆ600Wh/L ပါဝင်သည့်3,000 mAh ဘက်ထရီကို ထည့်သွင်း ပေးထားခြင်းကြောင့် အခြာ3း,000 mAh ဘက်ထရီများနှင့်နှိုင်းယှဉ်ပါကပိုမို ကြာရှည်ခံမည်ဖြစ်ပါသည်။Huawei ၏ကိုယ်ပိုင် Power Saving နည်းပညာ ကြောင့်အားမသွင်းဘဲနှင့်အသုံးပြုမည်ဆိုပါက၁.၅ရက်အသုံးပြုနိုင်မည်ဖြစ် ပါသည်။၈နာရီကြာအင်တာနက်ဖြင့်ဗီဒီယိုကြည့်ရှုခြင်း (သို့) ၁၀နာရီကြာ တောက်လျှောက်ဖုန်းပြောခြင်း (သို့) ၆နာရီကြာအင်တာနက် အသုံးပြုခြင်း တို့ကိုလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

တာရှည်ခံပြီးသုံးစွဲသူများလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက်မျက်နှာပြင်ကိုတတိယမျိုးဆက် Gorilla Glass တပ်ဆင်ပေးထားပြီး ထိုမျက်နှာပြင်သည်အစင်းရာ၊အခြစ်ရာများနှင့်ထိခိုက်မိခြင်းများကိုခံနိုင်ရည်ရှိ မည်ဖြစ် ပြီး ထိတွေ့မှုအာရုံခံနိုင်စွမ်း (touch sensitivity) နှင့်ကြည်လင်တောက်ပမှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ် ပါသည်။

Huawei G7 Plus ၏လိုင်းဆွဲအားကောင်းမွန်သောအင်တာနာ၂ခု (dual antenna) ပြောင်းလဲ အသုံးပြုနိုင်သည့်နည်းပညာက ၄၀ % ပိုမို ကောင်းမွန် သောလိုင်းကို အလိုအလျောက်ချိတ်ဆက်ပေးနိုင် မည်ဖြစ်ပြီးလိုင်းအားနည်း သည့်အခြေအနေတွင်G7 Plus နှင့်တန်းတူ Devices များထက်လိုင်းဆွဲအား ကို၁၀၀% မြှင့်တင်နိုင်မည်ဖြစ်ပါသည်။အကယ်၍သုံးစွဲသူမှအင်တာနက် အသုံးပြုနေသည်ဖြစ်စေ၊ download ဆွဲနေသည်ဖြစ်စေWifi မှအင်တာနက် သို့ပြောင်းလိုက်သော်လည်း ပြတ်တောက် သွားခြင်းများ မဖြစ်ပေါ်နိုင်ပေ။ ထို့ပြင်G7 Plus တွင်လိုင်းတွင်ပါလာသောဆူညံမှုများကို လျှော့ချပေးပြီး အသံတိုးနေပါက အသံမြှင့်တင်ပေးသောစနစ်ပါရှိပါသည်။Huawei G7 Plus ကလိုင်းဆွဲအားအမြန်နှုန်းနှင့်download ဆွဲရာတွင်အခြားစမတ်ဖုန်းများ ထက်၂၀% ပိုမိုမြန်ဆန်မည်ဖြစ်ပါသည်။

<Specification>
Network - GSM/HSPA/LTE
Weight - 167 g
Display Type - IPS LCD capacitive
Display Size - 5.5 inches
Camera - 13 MP
Storage - 32GB, up to 128GB
CPU - Quad-core 1.5GHz & 1.2GHz
OS - Android OS, v5.1
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com