12/14/2015

♪ အမေရိကန်ဈေးကွက်သို့ Honor စမတ်ဖုန်းများဖြင့် ဝင်ရောက်ရန် Huawei ပြင်ဆင်နေ ♫


Huawei အနေဖြင့် အမေရိကန်ဈေးကွက်သို့ ၎င်း၏ Honor အမှတ်တံဆိပ်ဖြင့် ဝင်ရောက် ရန် ပြင်ဆင်နေကြောင်းနှင့် ထုတ်ပြန်ကြေညာချက်ကို ဇန်နဝါရီလ အစောပိုင်းတွင်ကျင်းပမည့် CES 2016 တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျော့ခ်ျရှောင်က အင်တာဗျူးတစ်ခုတွင် ပြော ကြားခဲ့သည်။

သို့ရာတွင် Huawei ၏ အမှတ်တံဆိပ်ခွဲဖြစ်သော Honor မှ အသစ်ဖြန့်ချိမည့် ထုတ်ကုန်များအကြောင်းကို မသိရှိရသေးပေ။

လက်ရှိတွင် Honor 7 သည် နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်ပြီး ၎င်းတွင် ၅.၂ လက်မ 1920 x 1080 screen, octa-core Kirin 935 processor, 20-megapixel ကျောဘက်ကင်မရာနှင့် 8-megapixel အရှေ့ဘက်ကင်မရာတို့ ပါဝင်သည်။ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး 3GB RAM နှင့် 3100mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။

Ref: Engadget
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com