ဖုန်းရဲ့ Battery သည် Dual Battery Cell အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့
ပေါင်းစပ်မှုကတော့ 3010mAh ရှိတဲ့ ဘက်ထရီ နှစ်လုံးကိုပေါင်းစပ်ပေးထား တာပါ။
ဖုန်းရဲ့ဘက်ထရီသက်တမ်းဟာ သာမန်သုံးစွဲမယ့် သူတွေ အတွက် ၄ ရက်
တိတိတာရှည်ခံနိုင်စွမ်းရှိပြီး အမြဲမပြတ်ဂိမ်းဆော့တာ တီဗွီကြည့်တာ တွေ ကို
ပြုလုပ်နေသူတွေအတွက်ကတော့ ၂ ရက်ကြာ ခံနိုင်စွမ်းရှိမှာဖြစ်ပါ တယ်။
ဘက်ထရီအားသွင်းတဲ့စနစ်ကလည်း မြန်ဆန်ပြီးသူ့ရဲ့အားသွင်းတဲ့ စနစ်ဟာ ၁၀မိနစ်ကြာအားသွင်းရုံနဲ့ ၇၅ နာရီနဲ့ ၆၇မိနစ်ကြာ စွမ်းအားကို ရရှိစေမှာဖြစ်ပါတယ်။ စမတ်ပါဝါနည်းပညာကို သုံးစွဲထားတာကြောင့် M5 စမတ်ဖုန်းဟာ အခြားမိုဘိုင်း ဖုန်း ၂ လုံးကို ပါတစ်ပြိုင်နက်တည်းအား ပြန်လည် ဖြည့်သွင်းပေးနိုင် မှာဖြစ်ပါတယ်။ အာရှနိုင်ငံတွေအတွက် ဦးတည် ပြီး ထုတ်လုပ်လိုက်တဲ့စမတ်ဖုန်းဖြစ်တာကြောင့် မိုဘိုင်းကွန်ရက်ပေါင်း များစွာမှာ ၀င်ရောက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ M5 ရဲ့နောက်ထပ် လုပ်ဆောင်ချက် ကတော့ Smart Power Consumption ဖြစ်ပြီး ဖုန်းရဲ့ မလိုအပ်တဲ့ Application သုံးစွဲမှုတွေ Data သုံးစွဲမှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။
Extreme Mode ကိုသာသုံးစွဲမယ်ဆိုရင် ဘက်ထရီ ၅ ရာခိုင်နှုန်း ရှိနေတဲ့ အခြေအနေဟာ အသင့် အနေအထားအတွက် ၆၂ နာရီကြာခံနိုင်ရည်စွမ်း ရှိမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးအတွက် မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာ အရေးကြီးလှပါတယ်။ ကြည်လင်ပြတ်သားတဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းရရှိမှသာ ဂိမ်းတွေဆော့ကစားတာ၊ ရုပ်ရှင်ကားတွေကြည့်တဲ့ အချိန်မှာ စိတ်ချမ်းသာ စေမှာပါ။ ဒါကြောင့် M5 မှာ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် (720 x 1280 pixels) ကိုပေးစွမ်းထားပါတယ်။
Display ကတော့ AMOLED ဖြစ်ပြီး ၅.၅ လက်မမျက်နှာပြင်မှာ ပုံရိပ်တွေကို အသေးစိတ် မြင်တွေ့နိုင်ဖို့ 267ppi နဲ့ထောက်ပံ့ပေးထားပါတယ်။ အလင်းရောင် တိုက်ရိုက်ကျတဲ့နေရောင်ထဲမှာဖုန်းကို အသုံးပြုရင်တောင်မှ မြင်ကွင်းတွေကိုအနှောင့်အယှက်မဖြစ်ဘဲ ကြည့်နိုင်ပါလိမ့်မယ်။ Gionee M5 မှာ Quad core 1.3GHz ပရိုဆက်ဆာကိုသုံးစွဲနိုင် မှာဖြစ်ပါတယ်။ 16GB သိုလှောင်မှုပမာဏကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့သိုလှောင်နိုင်စွမ်းကို ထပ်မံလိုအပ်တယ်ဆိုရင်တော့ SD card သုံးပြီးတော့ 64GB လက်ခံနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။
သူ့ရဲ့အထူကလည်း 8.6mm သာရှိမှာဖြစ်တာကြောင့် လက်ထဲမှာ ပေါ့ပါးစွာ ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ Mediatek MT6735 SoC ဟာ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ပေါ့ပါးစွာစွမ်းဆောင်ပေးဖို့ အတွက် ထောက်ပံ့ပေး မှာဖြစ်ပါတယ်။ အဓိက ကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ ကင်မရာငယ် ကတော့ 5MP စွမ်းရည် ဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 152 x 76 x 8.6mm ရှိပါတယ်။ ဖုန်းမျက်နှာပြင်တွင် Gorilla Glass 3 တပ်ဆင်ပေးထားပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.3GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.0
Storage - 16 GB, up to 64 GB
OS - Android OS,v5.1
Contact - 09-31389999
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal