12/21/2015

♪ Facebook Messenger တွင် ဓါတ်ပုံများမှ မျက်နှာများကို ခွဲခြမ်းစိတ်ဖြာနိုင်သော နည်းပညာပါရှိလာ ♫


Facebook က Messenger တွင် မျက်နှာများကို ခွဲခြမ်းစိတ်ဖြာနိုင်သော Photo Magic ကို ထည့်သွင်းပေးလိုက်ပါသည်။ ထို့အတွက် သူငယ်ချင်းများနှင့် ဓါတ်ပုံများ မျှဝေရာတွင် လွယ်ကူစေပါသည်။ Photo Magic က ဓါတ်ပုံတွင် ပ်ါရှိသော သူငယ်ချင်းများကို အလိုအလျှောက် အကြံပြုပြသပေးသဖြင့် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓါတ်ပုံများကို မျှဝေနိုင်ပါသည်။

သူငယ်ချင်းများနှင့် ခရီးထွက်ခြင်း၊ ဓါတ်ပုံစုပေါင်း ရိုက်ကူးကြခြင်း စသည့် အခြေအနေများတွင် ဖုန်းအသီးသီးမှ ရိုက်ကူးထားသော ဓါတ်ပုံများကို လျှင်မြန်စွာ မျှဝေနိုင်သည့်အတွက် အလွန်အသုံးဝင် ပါသည်။ “ အားလပ်ရက်ရာသီများမှာ ဓါတ်ပုံများကို မျှဝေမှုဟာ အများဆုံးဖြစ်ပါတယ်။ Camera Roll မှ သူငယ်ချင်းများကို လိုက်ရှာ မျှဝေရတဲ့အစား Photo Magic က အလိုအလျှောက် ရွေးချယ်ပေးသည့်အတွက် အဆင်ပြေမည်ဟု Facebook က ပြောပါသည်။ Photo Magic ကို အသုံးမပြုချင်လျှင် ပိတ်ထားနိုင်ပါသည်။

Messenger တွင် စာသားများ၏ အရောင်ကိုလည်း ပြောင်းလဲနိုင်သော စွမ်းရည်ပါရှိလာပါသည်။ သူငယ်ချင်းများအတွက် နာမည်ပြောင်များကို သတ်မှတ်နိုင်သကဲ့သို့ Emoji Set အသစ်များကို လည်း ရွေးချယ်နိုင်လာပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို တစ်ဦးချင်းသာမက Group Chat များတွင်ပါ အသုံးပြုနိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com