Facebook က စမတ်ဖုန်းမှနေ၍ ဗီဒီယိုများ ရိုက်ကူးပြီး လူမှုကွန်ရက်တွင်
တိုက်ရိုက်ထုတ်လွှင့်နိုင်သော “ Live Video” စွမ်းဆောင်ချက်ကို
တိုးချဲ့ဖြန့်ချီမည် ဖြစ်သည်။ ယခင်ကမူ အဆိုပါ စွမ်းဆောင်ချက်ကို Verified
Profiles များနှင့် နာမည်ကျော်များတွင်သာ အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။
ယခုမူ Facebook က နာမည်ကျော်မဟုတ်သော အမေရိကန်ရှိ iPhones Users
အနည်းငယ်တွင် စမ်းသပ် အသုံးပြုနိုင် ရန် ပြုလုပ်ပေးလိုက်ပါသည်။
ဟင်းချက်ခြင်း၊ Events များမှ ရိုက်ကူးထုတ်လွှင့်ခြင်း၊ အတွေးစိတ်ကူးများကို မျှဝေခြင်း၊ Tutorials များ ပြသခြင်းတို့ကဲ့သို့ ကိစ္စများတွင် Facebook မှ သူငယ်ချင်းများနှင့် မျှဝေနိုင်ရန် “ Live Video “ ကို အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်ကို အသုံးပြုနိုင်သူများတွင် Status Update Box မှနေ၍ Live Video Icon ကို နှိပ်ခြင်းဖြင့် တိုက်ရိုက်ဗီဒီယိုများ ထုတ်လွှင့်နိုင်ပါသည်။ Brief Description ရေးသားနိုင်ပြီး Audience ကိုလည်း ရွေးချယ်နိုင်မည် ဖြစ်သည်။
ဗီဒီယိုထုတ်လွှင့်သူများက ကြည့်ရှုနေသူများကို သိရှိနိုင်ပြီး ကွန်းမန့်များကိုလည်း တုန့်ပြန်နိုင်မည် ဖြစ်သည်။ Facebook “ Live Video “ သည် Meerkat နှင့် Periscope တို့ကို ယှဉ်ပြိုင်ခြင်းလည်း ဖြစ်ပါသည်။
Credit to ==> Myanmar DigitalLife Journal