12/08/2015

♪ “Facebook Feature ထည့်သွင်းမှုကြောင့် တစ်ပတ်ရစ်အွန်လိုင်း ဈေးကွက် တွင် ကြော်ငြာတင်ရောင်းချမှု ပိုမိုမြင့်တက်လာ” ♫


မြန်မာပြည်အတွင်းဝက်ဆိုက် ဖြစ်ပြုလုပ်လာသော အွန်လိုင်းစီးပွားရေး လုပ်ငန်းများတွင် Viber, Wechat နှင့် Facebook စသည့် Feature များ ထည့်သွင်းလာမှုကြောင့် တစ်ပတ်ရစ်အွန်လိုင်းဈေးကွက် တွင် ကြော်ငြာတင် ရောင်းချမှု ပိုမိုမြင့်တက်လာကြောင်း Ads.com မှ ခန့်မှန်းပြောဆိုပါသည်။

ယင်း Feature အတွင်းမှ Facebook ဖြင့် ချိတ်ဆက်ပြုလုပ်ရသော ၀န်ဆောင်မှုကိုအသုံးပြုသူအများစုမှ ပို၍ သဘောကျနှစ်ခြိုက်ကြပြီး မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဆိုက်တစ်ခုဖြစ်သော www.ads.com.mm မှ facebook ဖြင့် ကြော်ငြာနိုင်သော ၀န်ဆောင်မှု တည့်သွင်းချိန်တွင် ကြော်ငြာ ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာ ကြောင်း တွေ့ရသည်။“ စီပွားရေးဝက်ဆိုက်အများစုဟာ အခုနောက်ပိုင်းမှာ အသုံးပြုသူတွေ နဲ့ပိုမိုရင်းနှီးတဲ့ Social Application တွေကို အသုံးပြုပြီး ၀က်ဆိုက်မှာလူတွေပိုမိုအသုံးပြုမှု လွယ်ကူအောင် လုပ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ကျွန်တော် တို့ဝက်ဆိုက်မှာ facebook ကနေတစ်ဆင့် loging ပြုလုပ်ပြီးကြော်ငြာတင်နိုင်တဲ့အစီအစဉ် ထည့်သွင်းတဲ့အချိန် မြန်မာပြည်က လူတွေနဲ့ရင်းနှီးဖြစ်တဲ့အတွက် ဒီ Feature ကနေ ကြော်ငြာတင်တဲ့ ရာခိုင်နှုန်း က(၃၀)ရာခိုင်နှုန်း လောက်တိုးတက်လာတာကိုတွေ့ရှိလာရပါတယ်။ အရင် ထည့်သွင်းထားတဲ့ Viber Feature ကနေတစ်ဆင့် လူအများစုကသူတို့ အသုံးပြုဖို့ခက်ခဲတဲ့အကြောင်းအရာတွေကိုမေးမြန်းပြီး ကိုယ်တိုင်ကြော်ငြာ တင်လာကြတယ်။

ကျွန်တော်တို့ဘက်ကလည်း အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူပြီးစနစ်ကျတဲ့ ကြော်ငြာတင်တဲ့ Feature အသစ်တွေထပ်ပြီး ပြုလုပ်ဖို့ အမြဲစဉ်းစားနေပါတယ်။ မကြာခင်ပဲကျွန်တော်တို့ ၀က်ဆိုက် အတွင်းဝယ်ယူသူတွေ အဆင်ပြေမယ့် Feature ကိုလည်းထည့်သွင်း တော့မှာပါ” ဟု www.ads.com.mm ၏ Country Manager ဖြစ်သူ Mr.Nico Poma မှပြောသည်။

အရင်ကဆို E-mail နဲ့ register လုပ်ပြီး ပြန် Activated လုပ်ပေးရတာ ဆိုတော့ အဆင့်တွေများတယ်။ အခုနောက်ပိုင်း Facebook ကနေ Login လေးတစ်ချက်လုပ်ပြီးတင်ရတော့ အဆင့်တွေအများကြီး သွားနေစရာ မလိုဘူး။ ကိုယ်ရောင်းပြီးသွားလို့ ကြော်ငြာပြန်ဖြုတ်ပေးတာအစ အားလုံး အဆင်ပြေတယ်”ဟု အခမဲ့ကြော် ငြာများကိုအသုံးပြုနေသူ ကိုနေမင်းသူမှ ပြောသည်။မြန်မာနိုင်ငံ၏ အွန်လိုင်းအသုံးပြုမှုတွင် facebook အသုံးပြုသူ ပေါင်း လက်ရှိအချိန်တွင် (၇)သန်းကျော်အထိ မြင့်တက်လာပြီး၊ အသုံးပြုသူ အများစုမှာမိုဘိုင်းတည်းသာမက ကွန်ပျူတာဖြင့်လည်း အသုံးပြုကြောင်းကို တွေ့ရှိ ရသည်။

လက်ရှိမြန်မာပြည်အတွင်း အရောင်းမြှင့်တင်ရေး ကဏ္ဍတွင် လည်း Facebook သည် Marketer များအတွက် အရေးပါသောလုပ်ငန်းစဉ် ဖြစ်လာကြောင်းကိုတွေ့ရှိလာရသည်။ Facebook သည် လက်ရှိ အချိန်၌ မြန်မာပြည်အတွင်း လူကြိုက်အများဆုံး Social Application တစ်ခုဖြစ်နေ ပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com