ပြည်တွင်းဈေးကွက်အတွက် ဟန်းဆက်များစွာကိုတရုတ်နိုင်ငံမှ ကုမ္ပဏီများ
ကတင်သွင်းထုတ် လုပ်ရောင်းချ ပေးနေပါတယ်။ အရည်အသွေးအား ဖြင့်လည်း
သုံးစွဲလို့ကောင်းမွန်တာကြောင့် ၀ယ်ယူသူများစွာရှိပါတယ်။ ဟန်းဆက်များရဲ့
မျက်နှာပြင်အကျယ်အ၀န်းဟာ များသောအားဖြင့် 5” ၀န်းကျင်ရှိပါတယ်။ DOOGEE
အမှတ်တံဆိပ်ကလည်းဟန်းဆက်များကို ကောင်းမွန်သော အရည်အသွေးများဖြင့်
ဈေးကွက်အတွင်း ရောင်း ချပေးနေ ပါတယ်။
F3 ဟန်းဆက်ဟာ5”မျက်နှာပြင်အကျယ်အ၀န်းရှိပြီး မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ720 x 1280 ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ယခုF3 ဟန်းဆက်ရဲ့ အားသာချက်ကတော့ ကင်မရာစွမ်းရည် ကောင်းမွန်ခြင်းဖြစ်ပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MPစွမ်းရည်ပါ။ ဒါကြောင့် မည်သည့် အနေအထား မှာပင်ဖြစ်စေ၊ ဓာတ်ပုံရိုက်ကူးပါက ပုံထွက်ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 14.32 x 6.96 x 0.75 cm ဖြစ်ပါတယ်။
မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို2GB ပါရှိအောင် ဆောင်ရွက်ပေးထား ပြီး ROM ကို16GB ထည့်သွင်းပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းချင်တယ်ဆိုရင်တော့ မှတ်ဥာဏ်ပမာဏကိုချဲ့ထွင် အသုံးပြုရ ပါမယ်။ ထည့်သွင်းပေးထားသောCPUအမျိုးအစားကတော့ MT 6753 64-Bit Octa Core ဖြစ်ပါတယ်။ ဒါကြောင့် လျင်မြန်သောတုံ့ပြန်မှုများကိုပေးစွမ်း နိုင်ပါလိမ့်မယ်။
အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Lollipop ပါ။ အားသွင်းအသုံးပြုနိုင်မယ့် Battery အမျိုးအစားကတော့ 2200mAh ဖြစ်ခြင်းကြောင့် ဖုန်းကိုအချိန်ကြာမြင့်စွာသုံးစွဲနိုင်စေဖို့အတွက် အထောက် အကူ ဖြစ်စေပါလိမ့်မယ်။ ဖုန်းကိုအဖြူနဲ့ အနက်ဆိုပြီး နှစ်ရောင်ထုတ်လုပ် ပေးထားပါတယ်။
<Specification>
Network - GSM/WCDMA
Screen - 5 inches
Memory - 16GB
Bluetooth - Yes
OS - Android OS, v5.1
Camera - 13 MP
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal