12/17/2015

♪ ၅.၅ လက်မ display နှင့် 3100mAh ဘက်ထရီပါဝင်သော Redmi Note Prime ကို Xiaomi မိတ်ဆက် ♫


Redmi 2 Prime ကို မိတ်ဆက်ခဲ့ပြီးနောက်တွင် Xiaomi က အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့် ဒုတိယမြောက် ဟန်းဆက်ကို ထပ်မံမိတ်ဆက်ပေးခဲ့သည်။

Redmi Note Prime ဟုခေါ်ဆိုသော အဆိုပါ စမတ်ဖုန်းတွင် Snapdragon 410 SoC နှင့် quad-core 1.2GHz CPU ပါဝင်ပြီး ၅.၅ လက်မ (720 x 1280 pixel resolution) IPS display ကို အသုံးပြုထားသည်။


၎င်းတွင် 2GB RAM နှင့် 16GB internal memory ပါဝင်ပြီး သိုလှောင်မှုပမာဏကို microSD card မှတစ်ဆင့် 32GB အထိ တိုးမြှင့်နိုင်သည်။ ဘက်ထရီက 3,100mAh ဖြစ်သည်။ ကျောဘက်တွင် 13MP ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အရွယ်အစားက ၁၅၄ x ၇၈.၇ x ၉.၄ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၈၅ ဂရမ်ဖြစ်သည်။ Android 4.4 KitKat အခြေခံထားသော MIUI 7 ကို အသုံးပြုထားပြီး 4G နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။

Redmi Note Prime ကို လက်ရှိတွင် Amazon India မှ ၈,၄၉၉ ရူပီး (အမေရိကန်ဒေါ်လာ ၁၂၅ ဝန်းကျင်) ဖြင့် ဝယ်ယူနိုင်သည်။

Ref: GSMArena
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com