12/17/2015

♪ CES ပြပွဲမတိုင်မီ မော်နီတာများနှင့် လက်တော့ပ်များကို LG ပွဲထုတ်မိတ်ဆက် ♫


လက်ဗီးဂက်စ်မြို့တွင် ကျင်းပပြုလုပ်မည့် လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲ (CES) ၌ ပြသမည့် ထုတ်ကုန်သုံးမျိုးကို LG က မိတ်ဆက်ကြေညာခဲ့သည်။

ပထမဦးဆုံးအနေဖြင့် LG က 21:9 UtraWide မော်နီတာ အမျိုးအစားသစ်သုံးမျိုးကို ကြေညာခဲ့သည်။ ၎င်းတို့တွင် 3440 x 1440 pixel screen များနှင့် ThunderBolt 2 connector များ ပါဝင်သည်။ UC98 နှင့် UC88 အမျိုးအစားများတွင် ကွေးညွှတ်သည့် screen ပါဝင်သော်လည်း UM88 တွင်မူ မပါဝင်ပေ။

ဒုတိယအနေဖြင့် LG က 4K monitor နှစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ UD88 နှင့် UD68 အမျိုးအစားများတွင် USB-C connection များ ပါဝင်သည်။

နောက်ဆုံးအနေဖြင့် LG က Gram ဟုခေါ်သော လက်တော့ပ်တစ်မျိုးကို ပွဲထုတ်ခဲ့သည်။ အဆိုပါ ၁၅.၆ လက်မ လက်တော့ပ်တွင် Windows 10 ကို အသုံးပြုထားပြီး 6th Gen Intel chipset ပါဝင်သည်။ အလေးချိန်က ၂ ပေါင်ကျော်ခန့်သာရှိသည်။

Ref: Engadget
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com