12/09/2015

♪ ဆပ်ပြာဖြင့် ဆေးကြောနိုင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို ဂျပန်ကုမ္ပဏီ တီထွင် ♫


ဂျပန် ကုမ္ပဏီတစ်ခုက ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းတစ်လုံးကို တီထွင်လိုက်ပါသည်။ Digno Rafre ဟု အမည်ပေးထားပြီး Kyocera က တီထွင်ထားခြင်းဖြစ်ပါသည်။ Digno Rafre သည် ကမ္ဘာ့ပထမဆုံး ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းဖြစ်လာပါသည်။

Rafre ကို ပတ်ဝန်းကျင်မျိုးစုံတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားပါသည်။ Kyocera က စမတ်ဖုန်းကို မီးဖိုချောင်များ၊ နေအိမ်ပြင်ပနှင့် ရေချိုးခန်းအတွင်းတွင်တောင် အသုံးပြုနိုင်ပါသည်ဟု ပြောပါသည်။ TV Tuner ပါရှိပြီး မျက်နှာပြင်သည် ရေစိုနေလျှင်တောင် အလုပ်လုပ်နိုင်ပါသည်။ ခြစ်ရာများကိုလည်း အလိုအလျှောက် ပြန်လည်ကုစားနိုင်သော နည်းပညာလည်းပါရှိပါသည်။ စပီကာမပါရှိဘဲ အသံများကို ထုတ်လွှင့်ပေးနိုင်သော Kyocera ၏ Smart Sonic Receiver ပါရှိပါသည်။

Rafre တွင် Android 5.1 ထည့်သွင်းထားပြီး ငါးလက်မ 720p Display တပ်ဆင်ထားပါသည်။ 13MP Rear Camera , 3000mAh Battery ပါရှိပါသည်။ ဂျပန်ရှိ KDDI Carreir မှနေ၍ ဒေါ်လာ ၄၆၅ ၀န်းကျင်ဖြင့် ရောင်းချပေးနေပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com