12/05/2015

♪ “မပြတ်သုံးသည့်စမတ်ဖုန်း၏ ပြဿနာများ” ♫


ခလုတ်ဖုန်းခေတ်များဆီကဖုန်းကိုတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရုံသာသုံးခဲ့ကြသည်။စမတ်ဖုန်းခေတ်ရောက် လာသည့်အခါဖုန်းကိုအစုံသုံးလာသည်။ဓာတ်ပုံရိုက်သည်။သီချင်းနားထောင်သည်။ဂိမ်းဆော့သည်။ အင်တာနက်သုံးသည်။ စမတ်ဖုန်းခမျာမအားရရှာ။ဤသို့မပြတ်သုံးလာသည့်အခါစမတ်ဖုန်းမှာ ပြဿနာတွေလာပါတော့သည်။အဖြစ် များသည့်စမတ်ဖုန်းပြဿနာတို့ကို အောက်ပါအတိုင်းတွေ့ရပါမည်။
<ဖုန်းကသုံးနေရင်းပူလာပါသည်>
စမတ်ဖုန်းခေတ်ဦး၌handset သည်အရွယ်ကြီးကြီးဖုန်းအိမ်သည်ထူထူထဲထဲ။ ဖုန်း အိမ်ကြီးသည့် အတွက်အတွင်းမှာလေလှည့်ပတ်ရန်နေရာရှိသည်။ သို့သော် ဖုန်း အိမ်ကိုပလတ်စတစ်အစားသတ္တုဖြင့်ပြုလုပ်ပြီးပါးသည် ထက်ပါးလျားအောင် ပြုလုပ်လာသည့်အခါစမတ်ဖုန်းကိုင်ရသည်မှာပူလှချည့် ဖြစ်လာ သည်။ယခုခေတ်စမတ်ဖုန်းပါးပါးလျားလျားဟူသရွေ့အသုံးကြာလာ လျှင်ပူသည်ချည်း။သို့သော်အချို့သောအခြေအနေများတွင် စမတ်ဖုန်း သည် ပူသင့်သည်ထက်ပို၍ပူပါသည်။စမတ်ဖုန်းကိုထူးထူးကဲကဲပူစေသော အကြောင်း ခြင်းရာသုံးရပ်ရှိသည်။ပထမအကြောင်းမှာဖုန်းအားသွင်း၍ အားပြည့်ကာနီးတွင်ပူလာခြင်းဖြစ်သည်။ဖုန်းဘက်ထရီအင်အားကို၉၀ ရာခိုင်နှုန်းထက် ကျော်နိုင်သမျှကျော်အောင်သွင်းလျှင်ဖုန်းပိုပူသည်။ဖုန်းအား ၁၀၀ရာခိုင်နှုန်းအပြည့်ဆိုလျှင်အပူတက်မှုမှာပို၍သိသာသည်။အချိန်တိုအားသွင်းစနစ်ကလည်းဖုန်းကိုပူစေ သည်။လိုင်းအားအလွန်နည်းသော နေရာတွင် ဖုန်းကို မမိမချင်းခေါ်လျှင်ဖုန်းပူသည်။သာမန်အနေအထား၌ပင် ဖုန်းကလိုင်း ကိုမိအောင်ကျားကုတ်ကျားခဲဆွဲရသည့်အတွက်ဖုန်းကပူနေပြီးဖြစ်သည်။
ဖုန်းကိုအပူတက်စေသည့် နောက်ဆုံးအကြောင်းတစ်ခုမှာစမတ်ဖုန်း၏ hardware လိုင်းကလိုက်နိုင်သည်ထက်ပိုလွန်သောအလုပ်ကိုခိုင်းစေခြင်းဖြစ် သည်။ထိုကိစ္စကိုဂိမ်းကစားသည့်နေရာတွင်အများဆုံးတွေ့ရပါသည်။
ယခုခေတ်စမတ်ဖုန်းတို့ပူသင့်သလောက်ပူခြင်းမှာ တွေ့ရိုးတွေ့စဉ် ဖြစ်ပါ သည်။ဖုန်းအိမ်ခပ်နွေးနွေးရှိသည်ဟုဆိုရမည်။သို့သော်သိသိသာသာပူ နေခြင်းကားဖုန်းထဲကဘက်ထရီ အတွက်မကောင်းလှပါ။ လေ၀င် လေထွက် မကောင်းသည့်နေရာတွင်ကြပ်ညှပ်အောင်ထားသောကြောင့်စမတ်ဖုန်း ပူခြင်းလား။သို့ဆိုလျှင်ဖုန်းကိုအိတ်ထဲမှထုတ်သင့်သည်။အိတ်ခွံကိုခဏချွတ်ထားသင့်သည်။အားသွင်းသော ဖုန်းဖြစ်လျှင်ပလပ်ကိုခဏချွတ်သင့်သည်။ ဖုန်းကိုအားသွင်းလျှင်ဖုန်းပိတ်၍အားသွင်းခြင်းမှာအသေချာဆုံးဖြစ်သည်။ မကြာခဏအပူတက်နေလျှင်မူ ပြဿနာရင်းမြစ်ကိုရှာရပါမည်။ ဘက်ထရီ ကြောင့်processor ကြောင့်ဖုန်းပူနိုင်သည်။Software Update လုပ်ရင်း ပြဿနာပေါ်ရာမှလည်းဖုန်းပူနိုင်ပါသည်။
<ဖုန်းကအလုပ်လုပ်ပုံအလွန်နှေးပါသည်>
စမတ်ဖုန်းကကွန်ပျူတာနှင့်အလွန်တူသည်။ဝယ်လာကာစတွင်အလုပ်လုပ်ပုံအလွန်မြန်သည်။ ယင်း နောက်ပိုင်းတွင်ကားကြာလေ နှေးလေ။ နှေးသည်ဟု ဆိုသော်လည်းပုံမှန်အလုပ်လုပ်နေသေးသောစမတ်ဖုန်းတို့ကိုကြည့်လျှင်များပြားစွာသွတ်သွင်းထားသော application များ၊data များကို တွေ့နိုင်သည်။ တစ်ခါတစ်ရံတွင်ဖုန်းအလုပ်လုပ်ပုံနှေးခြင်းမှာTemporary File နှင့်Junk file များပြားနေခြင်းကြောင့်လည်း ဖြစ်တတ်သည်။မိမိinstall လုပ်လိုက်သော application update သည်တစ်ခုခုနှင့်သွားငြိနေခြင်းကြောင့်လည်း ဖြစ်တတ် သည်။တစ်နေ့တခြားများပြားလာသောmalware တို့ကAndroid ဖုန်းအား နှေးကွေး လေးလံစေနိုင်သည်ကိုလည်းမမေ့အပ်ပါ။Storage Space နည်းပြီးRAM အားမကောင်းသောဖုန်းဖြစ်လျှင်အတွင်းStorage ၌သိုလှောင် ထားသောApplication များကိုဝင်ကြည့်ပါ။မလိုအပ်သည်တို့ကိုuninstall လုပ်ပါ။ဖျက်စရာရှိသည်ကိုဖျက်ပါ။Android 4.1 မှအထက်စမတ်ဖုန်း များ တွင်ဖုန်းထုတ်လုပ်ရာကုမ္ပဏီကထည့်သွင်းပေးလိုက်သောpreinstalled application များ၊ဂိမ်းများကိုUninstall လုပ်နိုင်သည်။
ဓာတ်ပုံများ၊ဗီဒီယိုများ၊သီချင်းများကိုအခြားStorage ထဲသို့ ရွှေ့ပြောင်း backup လုပ်ပြီးဖျက်ပစ်သင့်သည်။Download လုပ်ပြီးနောက်အသုံးပြုပြီး သည့် ဖိုင်များကိုရှင်းပစ်သင့်သည်။ထိုကိစ္စအတွက်OTG စနစ်သုံးပြီးမန်မိုရီ စတစ်ထိုးနိုင်သောဖုန်းများမှာပို၍အဆင်ပြေသည်။ဖြစ်နိုင်လျှင်data cache များကိုရှင်းပစ်သင့်သည်။ထိုကိစ္စအတွက်Setting>Storage>Cache Data သို့ဝင်ပြီးရွေးပါ။ပြီးလျှင် delete လုပ်ပါ။Setting>Apps မှဝင်ပြီးApplication တစ်ခုချင်းအလိုက်Cached data များကိုဖျက်နိုင်သည်။ထိုသို့လုပ်ခြင်းသည် အချိန်ကုန်သည်။Cached Data များဖျက်ပြီးသည့်အခါဖုန်းအလုပ်လုပ်ပုံ မြန်လာသင့်သည်။အခြေအနေဆိုးသောဖုန်းများအတွက်မိမိမသုံး မဖြစ်Apk များကိုbackup လုပ်ပြီးနောက်factory reset လုပ်သင့်သည်။စက္ကူဘူးထဲမှ ထုတ်လိုက်သည့်အခြေအနေအတိုင်းဖုန်းကအလုပ်လုပ်ပုံ မြန်လာနိုင်သည်။ သို့သော်မြန်မာစာကီးဘုတ်နှင့်font များပျက်သွားနိုင်သည်။Play store နှင့်ချိတ်ပြီးဆော့သည့်ဂိမ်းမဟုတ်လျှင်ဂိမ်းကစားရင်းလက်ရှိရောက်နေသည့်အဆင့်ပျောက်သွားမည်။
Factory reset လုပ်ခဲ့လျှင်လိုအပ်သောApk များအလွယ်တကူdownload ဆွဲပြီး ပြန်ထည့်နိုင်သင့်သည်။သို့တည်းမဟုတ်service အားခိုင်းရန် ဖုန်းသည် အာမခံသက်တမ်းအတွင်းရှိသင့်သည်။Factory Reset လုပ်ခြင်းသည်ဖုန်း၏ micro SD အတွင်းသီးခြားထားရှိသောdata များကိုမထိခိုက်စေပါ။Factory reset ချပြီးသည့်တိုင်ဖုန်းအလုပ်လုပ်ပုံနှေးကွေးဆဲဖြစ်ပါကmicro SD တွင် ပြဿနာရှိနိုင်သည်။ထိုသို့ဖြစ်လျှင်ဖုန်းကိုကွန်ပျူတာနှင့်ချိတ်ပါ။micro SD ထဲတွင်ပါသောအရာများကိုကွန်ပျူတာထဲတွင်backup လုပ်ပါ။ပြီးလျှင်micro SD ကိုformat ရိုက်ပါ။မိမိချန်လိုသောdata အနည်းအပါးကိုချန်ထားပြီး ကျန်သည့် အရာများဖျက်မည်ဆိုလျှင်လည်းဖျက်နိုင်သည်။ဖုန်းတွင် နောက်ကွယ်မှအလုပ်ထလုပ်တတ်သောapplication များကိုရပ်ပစ်ခြင်း ကလည်းဖုန်းအလုပ်လုပ်ပုံကိုအနည်းငယ်မြန်စေသည်။ယင်းကိစ္စကိုအလို အလျောက်လုပ်ပေးမည့်Du Battery Saver Pro မှာသင့်တော်သည်။ သို့သော်application အပြည့်အ၀အလုပ်လုပ်စေရန်root ဖောက်ထားရ ပါမည်။1 tap cleaner နှင့်လည်းမိမိကိုယ်တိုင်လုပ်နိုင်သည်။Home Screen တွင်ထားသောwidget များ၊animation များကိုဖယ်ရှားခြင်းသည် တစ်ခါ တစ်ရံတွင်အထောက်အကူရသည်။ဖုန်းကိုမပိတ်ဘဲမကြာခဏအားသွင်းပြီးသုံးနေသူများအတွက်မူဖုန်းကို restart ချရုံဖြင့် ပြေလည်ခြင်းမျိုးလည်း ရှိတတ်ပါသည်။
<ဖုန်း၏ဘက်ထရီအသုံးခံချိန်တိုပါသည်>
ဘက်ထရီသဘာဝကဖုန်းဟောင်းလာသည်နှင့်ပို၍ပို၍အသုံးမခံဖြစ်လာပါ သည်။ဖုန်းအသစ်တစ်လုံးသည်ပင်လျှင်မျက်နှာပြင်အရွယ်အစားကြီးခြင်း၊ Screen resolution အလွန်မြင့်ခြင်း၊အတွင်း၌ရှိသောhardware တို့၏ပါဝါ မြင့်မားခြင်း၊အင်တာနက်အသုံးများခြင်း၊ဂိမ်းအဆော့များခြင်းစသည်တို့ရှိ လျှင်ယင်းဖုန်းအားမနက်မှညနေအထိအသုံးမခံပါ။ဘက်ထရီအသုံးမခံခြင်း အတွက်အလွယ်ကူဆုံးဖြေရှင်းနည်းမှာအနည်းဆုံး5000mAh ရှိသည့် Powerbank တစ်လုံးဆောင်ထားခြင်းဖြစ်သည်။စမတ်ဖုန်းကိုအလွန် အမင်း သုံးလေ့ရှိလျှင်မူလကတည်းကဘက်ထရီလဲပြီးသုံးနိုင်သောဖုန်းကိုဝယ်သင့်သည်။ဘက်ထရီအသေထည့် ထားသောဖုန်းကိုသုံးလျှင်3000mAh ထက် မနည်း အားရှိသောဘက်ထရီပါဝင်သင့်သည်။ယင်းဖုန်းမျိုးတွင်အင်တာနက် သုံးစွဲချိန်၎နာရီနှင့်standby time ၁၆နာရီခန့်သေချာပေါက်ရပါမည်။ ဘက်ထရီကြာကြာမခံသောဖုန်းများတွင်သာမန်ကာလ၌power saving သုံးခြင်း၊ ဖြစ်နိုင်လျှင်ultra saving mode ပါသောဖုန်းမျိုးဝယ်ခြင်း၊Battery Saver သုံး၍processor speed လျှော့ခြင်းကိုလုပ်နိုင်သည်။
Deep Sleepလုပ်နိုင်သောapp များကလည်းတစ်ခါတစ်ရံဘက်ထရီ သက်တမ်းကိုဆွဲဆန့်နိုင်သည်။Screen ၏အလင်းအားလျှော့ခြင်း၊Screen Timeout ကိုအချိန်တိုတိုထားခြင်းတို့ကအလုပ်ဖြစ်သည်ဟုဆိုသော်လည်း လက်တွေ့မဆန်လှပါ။Bluetooth Wi-Fi နှင့်အင်တာနက်တို့ ပွင့်နေလျှင် လည်း ဘက်ထရီ အလွန်စားသည်။ယင်းတို့ကိုမကြာခဏစစ်ဆေးပြီး အသုံး မရှိလျှင် ပိတ်သင့်သည်။ဘက်ထရီစားသောဖုန်းများတွင်live wallpaper နှင့် animation များမသုံးသင့်ပါ။ထိုဖုန်းမျိုးဖြင့်ဗီဒီယိုမကြည့်သင့်ပါ။ဂိမ်းမကစား သင့်ပါ။သီချင်းကိုနားကြပ်ဖြင့်သာနားထောင်သင့်ပါသည်။ဘက်ထရီစား သောဖုန်းတွင်တုန်ခါ၍သတိပေးမှု စနစ်ကိုလည်းပိတ်သင့်ပါသည်။အထူး အကြံပြုလိုသည်မှာစမတ်ဖုန်းဝယ်လျှင်ဘက်ထရီအလွန်အားကြီးပြီး ဘက်ထရီကိုမိမိဘာသာလဲသုံးနိုင်သောဖုန်းအမျိုးအစားကိုသာဝယ်ရန်ဖြစ် ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com