Bill Gates က သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်နိုင်မယ့် နည်းပညာများကို
သုတေသနပြုလုပ်ဖို့အတွက် Mark Zuckerberg နဲ့ ပူးပေါင်း၍ ဒေါ်လာ
ဘီလီယမ်ချီအသုံးပြုမယ်လို့ ကြေညာပါတယ်။ ပြင်သစ်မှာ ပြုလုပ်တဲ့ 2015 United
Nations Climate Change Conference မှာကြေညာတာဖြစ်ပါ တယ်။
ကွန်ဖရန့်မှာကမ္ဘာအရပ်ရပ်မှ အစိုးရများ၊ တက္ကသိုလ်များ၊ စွန့်ဦး တီထွင်
လုပ်ငန်းရှင်များသူဌေးများ၊ နည်းပညာနယ်ပယ်မှ စီအီးအိုများ
တက်ရောက်ကြပြီးရုပ်ကြွင်းလောင်စာအစား ဈေးသက်သာ ပြီး ပြန်လည်
ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကိုထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆွေးနွေး
အဖြေရှာကြ တာဖြစ်ပါတယ်။
ယနေ့ခေတ် ထက် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာကြီး မှာစွမ်းအင် အသုံးပြုမှုဟာ ၅၀ ရာခိုင်နှုန်းပိုမိုများပြားလာ မယ်လို့ မျှော်လင့် ထားကြပါတယ်။ “အဆင်းရဲဆုံးလူသားများအတွက် ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကိုရပ်တန့်ဖို့ အထောက်အကူပြုမယ့် သန့်ရှင်း၊ ဈေးသက်သာပြီးမှီခိုဖို့ စိတ်ချရတဲ့ စွမ်းအင်ကိုဖန်တီးဖို့ လိုအပ်တဲ့ နည်းပညာ များကိုရှင်းနှီးမြှပ်နှံနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ Gates က သူ့ရဲ့ ဘလော့မှာရေးသားထားပါတယ်။ အစိုးရများနဲ့ ရင်းနှီးမြှပ်နှံသူများ ဒီထက် ပိုမို ပါဝင်လာမယ်လို့ မျှော်လင့် ကြောင်းသူကဆက်လက်ရေးသားထားပါ တယ်။
CNN ရဲ့ သတင်းအရရန်ပုံငွေများကို လျှပ်စစ် ထုတ်လုပ်ရေး၊သိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်ရုံများအတွက် အသုံးပြုရေး၊ စိုက်ပျိုးရေးစတဲ့ အဓိကကဏ္ဍ 5ခုအတွက် သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်နိုင်မယ့် နည်းပညာအသစ်များကိုသုတေသနပြုဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ Mark Zuckerberg က “နေရောင်ခြည် စွမ်းအင်၊ လေနဲ့ ရေစွမ်းအင်တို့ဟာ စွမ်းအင်ပမာဏများစွာကိုထုတ်လုပ်နိုင်ခြင်းမရှိပါဘူး။ လက်ရှိစနစ်များဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုရောက်ရှိဖို့ မကူညီနိုင်ပါဘူး။
အဲဒီအတွက် နည်းပညာအသစ်များလိုအပ်ပါတယ်” လို့ သူ့ရဲ့ ဘလော့မှာ ရေးသားထား ပါတယ်။ တစ်ချိန်တည်းမှာပဲအမေရိကန်၊ တရုတ်၊ အိန္ဒိယ တို့အပါအ၀င် နိုင်ငံ ၁၉ နိုင်ငံပါဝင်တဲ့ Mission Innovation အဖွဲ့အစည်းကလည်း သန့်ရှင်း တဲ့ စွမ်းအင်အတွက် သုတေသနပြုရာမှာငွေကြေး ပိုမိုသုံးစွဲသွားမယ်လို့ ကတိပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။ အဆိုပါ နိုင်ငံများကလာမယ့် ငါးနှစ် အတွင်းမှာလက်ရှိထက် ငွေကြေး နှစ်ဆအသုံးပြုမယ်လို့ ကတိပြုထားကြ ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal