12/17/2015

♪ “ပြည်တွင်းတွင် အော်ပရေတာဝင်ရောက်ယှဉ်ပြိုင်ဖူးသော Axiata ၏ ကုမ္ပဏီခွဲမှ မြန်မာတာဝါ၏ စတော့ ၇၅ ရာခိုင်နှုန်းအားဝယ်ယူ” ♫


ပြည်တွင်းတွင် အော်ပရေတာဝင်ရောက်ယှဉ်ပြိုင်ဖူးသော Axiata ၏ ကုမ္ပဏီခွဲ edotco အုပ်စု မလေးရှားကပြည်တွင်းမှ Yoma Strategic Holding ၏ ရှယ်ယာ75 ရာခိုင်နှုန်းကိုဝယ်ယူလိုက်ကြောင်း သတင်း ထုတ်ပြန်ပါသည်။ Axiata Group Berhad (Axiata) ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်သော edotco Group Sdn Bhd(edotco) သည် စင်ကာပူအခြေစိုက် Digicel Asian Holdings Pte. Ltd.(DAH) မှတစ်ဆင့် Myanmar Tower Company Ltd(MTC) ၏ စတော့ရှယ်ယာ ၇၅ ရာခိုင်နှုန်းအား ၀ယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။Yoma Strategic Holding အနေဖြင့် မြန်မာတာဝါ တွင် အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းကိုဆက်လက်ရရှိသွား ရန်လည်း သဘော တူညီမှုရရှိထားပြီဖြစ်သည်။ Myanmar Tower Company ၏ လုပ်ငန်း လွှဲပြောင်းမှုတန်ဖိုး သည် အမေရိကန်ဒေါ်လာ(၂၂၁)သန်းရှိဟု ၂၀၁၅ အောက်တိုဘာ(၂)ရက်တွင် ကနဦးထုတ်ပြန်ခဲ့ပါသည်။

“ဒီလိုအရေးပါပြီးနည်းဗျူဟာကျတဲ့ ၀ယ်ယူမှုက edotco ရဲ့ အနေအထားကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး အရှေ့တောင်အာရှမှာ ထိပ်တန်းဆက်သွယ်ရေး ကဏ္ဍအဆောက်အဦတည် ဆောက်သူတွေဖြစ် လာစေမှာပါ။ မြန်မာနိုင်ငံ ရဲ့ဆက်သွယ်ရေးကဏ္ဍမှာလည်း ကျွန်တော်တို့ edotco အုပ်စုအနေနဲ့ လုပ်ငန်းလည်ပတ်မှုတွေ ဆောင်ရွက်တဲ့နေရာမှာ မြန်ဆန်ထိရောက်မှုရှိပြီး အရင်းအနှီးကုန်ကျစရိတ် သက်သက်သာသာနဲ့ အကောင်းဆုံး လုပ်ဆောင် နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်” ဟု edotco အုပ်စု၏ အမှုဆောင်အရာရှိချုပ် Suresh Sidhu က ပြောသည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ တာဝါ တည်ဆောက်မှုလုပ်ငန်းကိုစတင်လုပ်ကိုင်တဲ့အခါ Yoma Strategic လို မြန်မာနိုင်ငံမှာ အတွေ့အကြုံရင့်ကျက်ပြီးခိုင်မာတဲ့အဖွဲ့အစည်းနဲ့ လက်တွဲ လုပ်ကိုင်ရတာကို ကျေနပ်အားရမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုတွေ ကနေ ဈေးကွက်ထဲမှာ ပိုမိုခိုင်မာတဲ့အနေ အထားတွေရရှိဖို့ မျှော်လင့်ထားပါ တယ်”ဟုလည်း Suresh Sidhu ကဆိုပါသည်။

Axiata အနေဖြင့် ယခုလွှဲပြောင်းဝယ်ယူမှုမှတစ်ဆင့်နိုင်ငံတကာရှိ အကောင်းဆုံး စွမ်းရည်များ အား မြန်မာနိုင်ငံ၏ အနာဂတ်ဆက်သွယ်ရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံ တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။Axiata Group သည် တာဝါနှင့် အခြေခံအဆောက်အဦ တည် ဆောက်သူလုပ်ငန်းတစ်ခုအဖြစ် edotco အား ၂၀၁၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ယခုအခါ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် ပါကစ္စတန်စသည့် နိုင်ငံပေါင်း ၅ နိုင်ငံတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ နှင့် ကီလိုမီတာပေါင်း ၁၂၀၀၀ ရှိ သည့် ဖိုက်ဘာဆက်ကြောင်းများကို စီမံခန့်ခွဲလျက်ရှိကြောင်းသိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com